လားရှိုးမြို့ပေါ်တွင် အမည်မသိသေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးမြို့ပေါ်တွင် အမည်မသိသေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံး


မင်းဇော်မင်း
.
လားရှိုးမြို့ပေါ်တွင် ယနေ့ စက်တင်ဘာလ ၅ ရက်၊ ညနေပိုင်းက အမည်မသိ သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
.
လားရှိုးမြို့၊ အမှတ် (၇) ရပ်ကွက်၊ နယ်မြေ (၅)၊ အောင်သပြေလမ်းနေ ဦးလွေဇူးရင် (၆၄ နှစ်) သည် စက်တင်ဘာလ ၅ ရက်၊ ညနေ ၆ နာရီ ၄၀ မိနစ် အခိန်ခန့်က အိမ်ရှေ့ဆိုင်အတွင်း ထမင်းစားနေစဉ် ကားတစ်စီးပေါ်မှ အမည်မသိ သေနတ်သမားတစ်ဦးက ဆင်းလာပြီး သေနတ်ဖြင့် ၈ ချက်ပစ်ခတ်ကာ ကား မောင်းနှင်းထွက်ပြေးသွားခဲ့ခြင်း ယင်း ပစ်ခတ်မှုကြောင့် ဦးလွေဇူးရင်မှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ လားရှိုးမြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက “ဘာမှ​သေချာမသိရသေးပါဘူး။ စစ်ဆေးနေဆဲပါ” ဟု ပြောဆိုခဲ့သည်။
.
အဆိုပါပစ်ခတ်မှုတွင် အခြားသူများကို ပစ်ခတ်ခြင်း မရှိသဖြင့် အခြား ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်းနှင့် သေဆုံးသူကို လားရှိုးအခြေစိုက် ရွှေသံလွင်လူမှုကူညီရေးအသင်းကားဖြင့် လားရှိုးဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာကို ထိန်းသိမ်းလျက်ရှိကြောင်း ကနဦးသတင်းရရှိသည်။
.

Journal Download

Photo of three cats