မင်းဇော်မင်း
.
လားရှိုးမြို့၊ ရပ်ကွက် (၃) တွင် စက်တင်ဘာလ ၂၃ ရက်၊ ညနေပိုင်းက
မီးလောင်၍ ဖြိုချထားသည့် တိုက်အိမ်အပျက် တစ်လုံး အုတ်တံတိုင်း ပြိုကျမှုကြောင့် အမျိုးသားတစ်ဦး
ပိတ်မိခဲ့ပြီး ကယ်ဆယ်ခဲ့ရကြောင်း လားရှိုးခရိုင် မီးသတ်ဦးစီး ဌာနမှ သိရသည်။
.
.“သူက သံတိုသံစကောက်တဲ့သူပါ။ အထဲအုတ်တံတိုင်းပျက်က
သံချောင်းကို ဆွဲယူရင်း သူ့ခြေထောက်အပေါ်ပိ မိနေရာက ပိတ်မိနေတာကို ကယ်ဆယ်ခဲ့တာပါ။
ခြေထောက်ပေါ်ပိတာ သိပ်မပြင်းထန်လို့ ဆေးရုံအရိုးဆောင်ကို ပို့ဆောင်လိုက်ပါတယ်” ဟု
လားရှိုးခရိုင်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇော်လင်းက ပြောသည်။
.
လားရှိုးမြို့၊ ရပ်ကွက် (၃)၊ ကြက်ခြေနီရုံးရှေ့ရှိ မီးလောင်၍
ဖြိုချထားသည့် အဆောက်အဦဟောင်းအတွင်း စက်တင်ဘာလ ၂၃ ရက်၊ ညနေ ၅ နာရီခွဲခန့်က သံတိုသံစ
ကောက်သူ ကိုစောသက်ပိုင် ဆိုသူသည် သံတိုသံစများ ဖြတ်ယူနေစဉ် အုတ်နံရံပြိုကျကာ ဝဲဘက်ခြေထောက်
အုတ်ပုံအောက် ညှပ်မိခဲ့ခြင်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးကရိန်းယာဉ်ဖြင့်
တပ်ဖွဲ့ဝင် ၁၅ ဦးမှ သွားရောက်ကယ်ထုတ်ခဲ့ရာ ညနေ ၆ နာရီအချိန်တွင် ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
“ဒဏ်ရာက သိပ်မပြင်းဘူးဆိုပေမဲ့ သူမထောက်နိုင်သလို
လမ်းလဲမလျှောက်နိုင်ဘူး။ အရေပြားစုတ်သွားပေမဲ့ အရိုးဆောင်ကို ပို့ခဲ့ပါတယ်” ဟု
လားရှိုးလူငယ်လူမှုကူညီရေးအသင်းမှ ကိုဝသုန်ထွန်းက ပြောသည်။
.
အဆိုပါ ဒဏ်ရာရရှိသူအား လားရှိုးလူငယ်လူမှုကူညီရေးအသင်းမှ
ယာဉ်ဖြင့် လားရှိုးဆေးရုံရှိအရိုးကုဆောင်သို့ ပို့ ဆောင်ခဲ့ကြောင်းသိရသည်။
.