.
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်သည် လားရှိုးမြို့နယ်ရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်များ ပေးအပ်ခြင်းနှင့် ထောက်ပံ့မှုများအား စက်တင်ဘာ ၂၁ ရက်၊ ညနေပိုင်းနှင့် ၂၂ ရက်၊ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
လားရှိုးမြို့နယ်၊ ဆုံကွယ်ကျေးရွာအုပ်စု၊ ဆုံကွယ်ကျေးရွာ၊ စစ်မှုထမ်းဟောင်းကျေးရွာ၊ မန်ကုန်းကျေးရွာ၊ နမ့်နွမ်းကျေးရွာ၊ ကွန်လွိုင်ကျေးရွာ၊ ကောင်းအိုင်ကျေးရွာရှိ ပြည်သူများအား ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက လားရှိုးမြို့အစိုးရနည်းပညာ ကောလိပ်ကျောင်းခန်းမ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် COVID-19 ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးသုံး ပစ္စည်းဖြစ်သည့် Mask ၁၅၀၀ ၊ Hand Gel ၅ ဘူး တို့ကို စက်တင်ဘာလ ၂၂ ရက်၊ နံနက်ပိုင်းက ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
.
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် လားရှိုးမြို့နယ်၊ ဟိုပိတ်ကျေးရွာ မိခင်ကလေး စောင့်ရှောက်ရေး ခန်းမတွင် ဟိုပိတ်ကျေးရွာအုပ်စု အတွင်းရှိ ပုံမှန်ဝင်ငွေ မရှိသောအခြေခံလူတန်းစားများ COVID-19 ကာလအတွင်း နိုင်ငံတော်မှ ထောက်ပံ့ပေးသော တစ်ဦးလျှင် ငွေကျပ် ၂ သောင်းစီနှင့် COVID-19 ရောဂါ ကာကွယ်ရေးအတွက် Mask ၁၅၀၀ ခု၊ Hand Gel ၅ ဘူးတို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
.
လားရှိုးမြို့နယ်၊ စင့်အင်ကျေးရွာ၊ ပုန်းထွန်ကျေးရွာ၊ နောင်ကွဲကျေးရွာနှင့် ခေးနင်းကျေးရွာရှိ အသက် ၈၀ နှင့် ၈၅ နှစ် အထက် ဘိုးဘွားတို့အား စက်တင်ဘာလ ၂၁ ရက်၊ ညနေပိုင်းတွင် နိုင်ငံတော်မှ ထောက်ပံ့ငွေ ၂၀၀၀၀ ကျပ်စီနှင့် ကျေးရွာ တစ်ရွာလျှင် COVID-19 ရောဂါကာကွယ်ရေးအတွက် Mask ၁၅၀၀ စီနှင့် Hand Gel ၅ ဘူးစီတို့ကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။
.