မင်းဇော်မင်း
.
လားရှိုးမြို့၊
ရပ်ကွက်(၅)၌ စက်တင်ဘာလ ၉ ရက်၊ နံနက်ပိုင်းတွင် အမျိုးသား
တစ်ဦးက ၎င်း၏နေအိမ်အား မီးရှို့ခဲ့သဖြင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း
လားရှိုးခရိုင် မီးသတ်တပ်ဖွဲ့မှ သိရသည်။
.
“ စိတ်ပေါသွပ်သူဆိုတော့ အမှု မဖွင့်ပါဘူး၊ အခြားအိမ်တွေလည်း မလောင်ဘူး၊ ပြောချင်တာကတော့ ရပ်ကွက်အတွင်းမှာ လမ်းတွေ
ကျဉ်းတော့ မီးသတ်ကား ဝင်/ထွက် လွယ်အောင် လုပ်ထားသင့်ပါတယ်။
ဆုံးရှုံးမှု တန်ဖိုးက မီးသတ်ကား ရောက်ဖို့ မလွယ်ရင် ပိုမို ကြီးမားတတ်ပါတယ်။” ဟု
လားရှိုးခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးအောင်ဇော်လင်းက ပြောသည်။
.
လားရှိုးမြို့၊
အမှတ်(၅)ရပ်ကွက်၊ နယ်မြေ(၂၀)၊ ရေတွင်းလမ်းနေ အသက် ၄၂ နှစ် အရွယ် အမျိုးသားတစ်ဦးသည် ၎င်း၏ တစ်ထပ် နေအိမ်အား
ခြုံစောင်များ စုပုံ၍ မီးရှို့ရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်း
ဖြစ်ပြီး မီးသတ် တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများက မီးသတ်ယာဉ် ၆ စီးနှင့်အတူ
မီး ငြိမ်းသတ်ခဲ့ခြင်းကြောင့် အခြား နေအိမ်များသို့ မီးကူးစက် လောင်ကျွမ်းမှု မရှိခဲ့ဘဲ လူနှင့်
တိရစ္ဆာန်များလည်း ထိခိုက်မှု မရှိကြောင်း သိရသည်။
.
အဆိုပါ
အမျိုးသားမှာ စိတ် ကျန်းမာရေး မကောင်းသူ ဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ
အရေးယူခြင်း မပြုလုပ်ကြောင်း သိရသည်။