လားရှိုးတွင် အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်ကို သားမယား ပြုကျင့်ရန် ကြံစည်သူ အမျိုးသားကို ဖမ်းဆီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးတွင် အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်ကို သားမယား ပြုကျင့်ရန် ကြံစည်သူ အမျိုးသားကို ဖမ်းဆီး


မင်းဇော်မင်း
.
လားရှိုးမြို့ရပ်ကွက်(၇)၊ နယ်မြေ(၆)တွင် နေထိုင်သည့် အသက် ၇ နှစ်အရွယ် သမီးဖြစ်သူကို သားမယား အဖြစ် ပြုကျင့်ရန် ကြံစည်သူ အသက် ၅၄ နှစ်အရွယ် အမျိုးသားအား စက်တင်ဘာလ ၁၃ ရက်က ဖမ်းဆီးထားကြောင်း လားရှိုးမြို့မရဲစခန်းမှ သိရသည်။
.
လာ တိုင်တာနဲ့ အချိန်တိုအတွင်း လိုက် ဖမ်းတာပါ။” ဟု လားရှိုးမြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိ တစ်ဦးက ပြောသည်။


လားရှိုးမြို့၊ ရပ်ကွက်(၇)နေ  အမျိုးသမီးသည် ၎င်း၏ သမီး(အကြီး)နှင့်အတူ စက်တင်ဘာလ ၁၂ ရက်၊ နေ့လယ်ပိုင်းတွင် နေအိမ်ဘေးရှိ လမ်းမပေါ်၌ ဈေးရောင်းချနေရာမှ နေအိမ်သို့ ပြန်စဉ် အသက် ၇ နှစ်အရွယ် သမီးငယ်အား မတွေ့၍ လိုက်လံ ရှာဖွေရာ နေအိမ်၏ ၃ အိမ်ကျော်တွင် နေထိုင်သူ ဦးဘိုဆန်းက ခေါ်ဆောင်သွားကြောင်း သိရသဖြင့် ယင်းနေအိမ်သို့ သွားရောက် ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။
.
ထို့နောက် သမီးဖြစ်သူအား ရေချိုးပေးရန် အဝတ်များ ချွတ်ရာ ရင်ဘတ် နီရဲနေသည်ကို တွေ့ရှိရသဖြင့် မေးမြန်းရာ သူငယ်ချင်း ဖြစ်သူနှင့်အတူ ကစားနေစဉ် ဦးဘိုဆန်းက လာရောက်ခေါ်ဆောင်ကာ ၎င်း၏နေအိမ် အခန်းတွင်းရှိ ခုတင်ပေါ်သို့ တက်ခိုင်းခဲ့ပြီးနောက် ရင်သားအား --- ခြင်း၊ မိန်းမကိုယ်အား --- ပြုလုပ်သည်ဟု ပြောဆိုခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
.
ယင်းကဲ့သို့ မိဘ အုပ်ထိန်းမှုအောက်ရှိ အရွယ် မရောက်သေးသော မိန်းကလေးငယ်အား သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်သူ လားရှိုးမြို့၊ ရပ်ကွက်()၊ နယ်မြေ(၁၆)နေ ဦးဘိုဆန်းအား ဥပဒေအရ အရေးယူပေးပါရန် မိခင်ဖြစ်သူက ရဲစခန်းသို့ တိုင်ကြားသဖြင့် လားရှိုးမြို့မရဲစခန်းမှ (ပ)၄၇၃/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ - ၃၇၆/၅၁၁ ဖြင့် အမှုဖွင့်ပြီး ကျူးလွန်သူအား ဖမ်းဆီး စစ်ဆေးနေခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats