COVID-19 ကြိုတင်ကာကွယ်ရန်အတွက် Lockdown ပြုလုပ်ထားသည့် တောင်ကြီးမြို့၊ အောင်မြေဘုံစံ သာမဏေကျော်ကျောင်းတိုက်သို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က စက်တင်ဘာလ ၂၇ ရက်၊ နံနက်ပိုင်းတွင် လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကို ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ နဝကမ္မဝတ္ထုငွေများကို ဆက်ကပ် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
.
COVID-19 ဖြစ်ပွားနေစဉ် ကာလအတွင်း ရောဂါ ကြိုတင်ကာကွယ်ရန် “ငတ်၍ မသေ၊ ကပ်မှ သေ”ဟူသည့် ဆရာတော်၏ ဩဝါဒအရ Lockdown ပြုလုပ်ထားသဖြင့် ကျောင်းတိုက်အတွင်းရှိ သံဃာတော်များ ဆွမ်းခံ ကြွရောက်ရခြင်း မရှိသောကြောင့် လိုအပ်လျက် ရှိသော ဆွမ်းဆန်တော်များအား ရည်ရွယ် လှူဒါန်းရခြင်း ဖြစ်ကြောင်း သိရသည်။