COVID-19 ကာကွယ်၊ ထိန်းချုပ်ရန်အတွက် တောင်ကြီးမြို့၊ သိမ်တောင်ပရိယတ္တိစာသင်တိုက်အား Lock Down ပြုလုပ်ထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 ကာကွယ်၊ ထိန်းချုပ်ရန်အတွက် တောင်ကြီးမြို့၊ သိမ်တောင်ပရိယတ္တိစာသင်တိုက်အား Lock Down ပြုလုပ်ထား

အောင်ဆန်းဝင်း

.

COVID-19 ဒုတိယလှိုင်း သက်ရောက်မှုတွင် မြန်မာနိုင်ငံအတွင်း ရောဂါပိုးတွေ့ရှိသူနှင့် အသက်ဆုံးရှုံးသူ များပြားလာသည့်အတွက် ကာကွယ်၊ ထိန်းချုပ်မှုများ ပြုလုပ်နိုင်ရန် တောင်ကြီးမြို့၊ သိမ်တောင်ပရိယတ္တိစာသင်တိုက်အား Lockdown ပြုလုပ်ထားသည်ဟု သိရသည်။

.

.

ထိုသို့ ကန့်သတ်ရာတွင် ကျောင်းတိုက်အတွင်းမှ ရဟန်းသံဃာများ ဆွမ်းခံထွက်ခြင်းအပါအဝင် ကျောင်းတိုက်အတွင်းမှ အဝင်အထွက် ပြုလုပ်ခြင်းမရှိသလို ကျောင်းတိုက်အတွင်းသို့လည်း ဝင်ရောက်ခွင့်တားမြစ်ထားကြောင်းသိရသည်။

.

COVID-19 ရောဂါတွေ့တဲ့လူများလာတဲ့အတွက် ဦးဇင်းတို့ကျောင်းကို Lockdown ပြန်ချလိုက်တာပါ။ ဆွမ်းခံ ကြွတာအပါအဝင် ကျောင်းထဲကသံဃာတွေအပြင်မထွက်သလို ကျောင်းတိုက်ထဲကိုလည်း ဝင်ရောက်ခွင့်မပြု တော့ပါဘူး။ အဓိက ကတော့ရောဂါပြန့်ပွားမှုကာကွယ်နိုင်အောင် ပြုလုပ်ရတာဖြစ်ပါတယ် ” သိမ်တောင်ကျောင်း တိုက်တွင်သီတင်းသုံးသည့် ဆရာတော် ဘဒ္ဒန္တပညာတိက္ခာလင်္ကာရာဘိဝံသ က ကမ္ဘောဇတိုင်းသို့ မိန့်ကြားသည်။

.

သိမ်တောင်ကျောင်းတိုက် Lockdown ပြုလုပ်ထားသည့်အတွက် ကျောင်းတိုက်သို့လာရောက်၍ စာဝါတက် ရောက်သည့် ရဟန်းတော်များ၊သီလရှင်များ၊ လူပုဂ္ဂိုလ်များ အနေဖြင့်လည်း စာဝါတက်ခြင်း ဥပုသ်နေ့စာမေးပွဲ ဖြေဆိုခြင်းများအား ရက်အကန့်အသတ်မရှိ ရပ်နားထားမည်ဖြစ်ကြောင်း သိရသည်။

.

သိမ်တောင်ပရိယတ္တိစာသင်တိုက်တွင် ရဟန်း၊သာမဏေ စုစုပေါင်း ၁၇၅ သီတင်းသုံးလျက်ရှိပြီး Lockdown ကာလအတွင်းကျောင်းတိုက်သို့ ဆွမ်းဆန်၊ ဆွမ်းဟင်း၊ အသီးအရွက်များလာရောက်လှူဒါန်းလိုပါက ကျောင်းမုခ်ဦး ပေါက်ဝင်တွင် စောင့်ဆိုင်းနေသည့် ရဟန်း သာမဏေများမှတစ်ဆင့် ကျောင်းပေါက်ဝတွင်သာလှူဒါန်း ကုသိုလ်ယူ နိုင်ကြောင်း သိရသည်။

.

Journal Download

Photo of three cats