ကျောက်မဲမြို့တွင် ညွှန်ကြားချက်အား လိုက်နာမှု မရှိဘဲ ဖွင့်လှစ်သည့် ‌KTV ဆိုင်အား အရေးယူထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်မဲမြို့တွင် ညွှန်ကြားချက်အား လိုက်နာမှု မရှိဘဲ ဖွင့်လှစ်သည့် ‌KTV ဆိုင်အား အရေးယူထား

မိုင်းထွန်း

.

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပိတ်သိမ်းထားရန် ညွှန်ကြားချက်များကို လိုက်နာမှု မရှိဘဲ ဖွင့်လှစ်ခဲ့သည့် ကျောက်မဲမြို့၊ အမှတ်() ရပ်ကွက်၊ နယ်မြေ (၁၂) ၊ နမ့်တုံရပ်ရှိ လမင်းအိမ်” KTV ဆိုင်ရှင်နှင့် အလုပ်သမများအား  စက်တင်ဘာလ ၂၈ ရက်၊ ညက အရေးယူထားကြောင်း သိရသည်။

.


 

ကျောက်မဲမြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီမှ KTV ဆိုင်များ ပိတ်သိမ်းထားရန် ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်၊ တားမြစ်ချက်များကို လိုက်နာမှု ရှိ/မရှိအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးသောင်းထွဋ်လင်း ဦးဆောင်သော တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ရာ “လမင်းအိမ်” KTV ဆိုင်သည် တားမြစ်ချက်များကို လိုက်နာမှု မရှိကြောင်း တွေ့ရှိခဲ့ရသည့်အတွက် အရေးယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ လမင်းအိမ်” KTV ဆိုင် ပိုင်ရှင် အမျိုးသမီးနှင့် အလုပ်သမား ဦးကို ကျောက်မဲမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

.

Journal Download

Photo of three cats