တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့ ဈေးအား COVID-19 ကာကွယ်၊ ထိန်းချုပ်နိုင်ရန်အတွက် ရက်အကန့်အသတ် မရှိဘဲ ယာယီပိတ်ထားကြောင်း သိရသည်။
.
ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်မှ စတင်၍ ဈေးအား ယာယီ ပိတ်သိမ်းထားခြင်း ဖြစ်ကာ မြို့အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များတွင်လည်း ဆိုင်ထိုင်၍ စားသောက်ခြင်းကို မပြုစေဘဲ Take -away စနစ်ဖြင့်သာ ရောင်းချရန် ညွှန်ကြားထားကြောင်း သိရသည်။
.
ထို့အပြင် ဒေသခံပြည်သူများ အနေဖြင့် မိမိနေအိမ်မှ မဖြစ်မနေ အိမ်ပြင်သို့ ထွက်ပါက နှာခေါင်းစည်းများ တပ်ဆင်ပြီးမှ သွားလာကြရန်၊ လူစုလူဝေး ရှောင်ရှားကြရန်၊ အရာဝတ္တူတစ်ခုခု ကိုင်တွယ်ပြီး တိုင်း လက်ကို ဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာ ဆောင်ရွက်ရန်အတွက် အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း ကျောက်တလုံးကြီးမြို့ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီထံမှ သိရသည်။