စုလှိုင်
.
ကျိုင်းတုံမြို့ရှိ မီးရထား ဘူတာ အား အဝေးပြေးကားကွင်းနှင့်
ပွဲရုံ တန်းများအဖြစ် တည်ဆောက်နိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိ ရသည်။
.
.
“အစိုးရရဲ့
လျာထားချက်ပဲ ရှိပါ သေးတယ်။ အဝေးပြေးကားကွင်း ရယ်၊ ပွဲရုံတန်းရယ် လုပ်ဖို့
ရှိပါတယ်။ ဘတ်ဂျက်နဲ့ မဟုတ်ပါဘူး။ မြေယာ သုံးစွဲခွင့်ရရင် EUI ခေါ်ပြီး
လုပ်မှာပါ။ တင်ဒါခေါ်ပြီး လုပ်မှာပါ။ နိုင်ငံတော် အစိုးရက ခွင့် ပြုမှ
လုပ်လို့ရမှာပါ” ဟု ကျိုင်းတုံခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်
အုပ်ချုပ်ရေးမှူး ဦးဝင်း မင်းသိန်းက ကမ္ဘောဇတိုင်းသို့ ပြော သည်။
အဆိုပါ အဝေးပြေးကားကွင်း တည်ဆောက်မည့် နေရာသည် ကျိုင်း
တုံမြို့ရှောင်လမ်း အနီးတွင် တည်ရှိ သည့်အတွက် ကုန်သွယ်မှု ဖွံ့ဖြိုးတိုး တက်လာပါက
တာချီလိတ်မှ ဝင် ရောက်လာသော ယာဉ်များကို ကျိုင်း တုံတွင် ယာဉ်ကြီးများဖြင့်
ပြောင်းလဲ တင်ဆောင်မှု ပြုနိုင်ရန် စီစဉ်ထား ကြောင်းနှင့် မိုင်းလားလမ်း
ဖွင့်လှစ်ပါ က အသုံးပြုနိုင်ရန် ရည်ရွယ်ထား ကြောင်း သိရသည်။
.
“အနာဂတ်
အစီအစဉ်အတွက် ရည်မှန်းပြီး ဆွဲထားတာ ဆိုတော့ ဘယ်အချိန်မှာ စလုပ်မယ်ဆိုတာ တော့
ပြောလို့မရဘူး။ နိုင်ငံတော်ရဲ့ မူဝါဒ အပေါ်မှာလည်း မူတည်ပါ တယ်”ဟု
ဦးဝင်းမင်းသိန်းက ဆက် လက် ပြောဆိုခဲ့သည်။
.
ကျိုင်းတုံမြို့နယ်သည်
မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်
ပြည်ထောင်စု လမ်းမကြီးပေါ်တွင် တည်ရှိပြီး စီးပွားရေး ဖွံ့ဖြိုး တိုးတက်
သည့် မြို့နယ်တစ်ခုဖြစ်ကာ ကုန်း လမ်း၊ လေကြောင်းလမ်းဆုံရာ လမ်း ပန်း ဆက်သွယ်ရေး
ကောင်းမွန်သော မြို့နယ်တစ်ခုဖြစ်ကြောင်း သိရသည်။
.