ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကို လိုက်နာရန် ပအိုဝ်းဒေသ ဥက္ကဌ အသိပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကို လိုက်နာရန် ပအိုဝ်းဒေသ ဥက္ကဌ အသိပေး


ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်းမြို့နယ်များတွင် နေထိုင်ကြသော ပြည်သူများ အနေဖြင့် လူစုလူဝေး ရှောင်ရှားကြရန်၊ Mask နှာခေါင်းစည်း တပ်ရန်၊ သက်ကြီးရွယ်အိုများ နေအိမ်တွင်သာ နေထိုင်ရန်၊ အပြင်က ပြန်လာပြီးတိုင်း လက်ဆေးကြရန်၊ ကျန်းမားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာ ဆောင်ရွက်ရန် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်က ယနေ့ (စက်တင်ဘာလ ၁၆ ရက်)တွင် ထုတ်ပြန်ခဲ့သည်။
.

ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာတွင် နေထိုင်သော အသက် ၅၀ နှစ်အရွယ် အမျိုးသားထံတွင် COVID-19 ရောဂါပိုး တွေ့ရှိကြောင်း ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်ပြီးနောက် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌက ယင်းကဲ့သို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
ထို့အတူ ရောဂါဆက်လက် ပြန့်ပွားမှု မရှိစေရေးအတွက် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ၊ အရေးပေါ်ကာလ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး ခေါ်ယူပြီး လိုအပ်သည်များကို ဆက်လက် လုပ်ဆောင်သွားမည်ဟုလည်း ထုတ်ပြန်ချက်ဖြင့် အသိပေးထားသည်။
.
အဆိုပါ ထုတ်ပြန်ချက်ကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၏ လူမှုကွန်ရက် (Facebook) စာမျက်နှာမှ ကြေညာခဲ့ခြင်း ဖြစ်ကာ ဦးခွန်စံလွင်သည် ယခင် ပထမအကြိမ်အစိုးရနှင့် လက်ရှိ ဒုတိယအကြိမ်အစိုးရ သက်တမ်းများတွင် ၂ ကြိမ်ဆက် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ အဖြစ် တာဝန်ယူ ဆောင်ရွက်နေခြင်း ဖြစ်သည်။
.

Journal Download

Photo of three cats