မင်းမင်း
.
မြို့တော်တောင်ကြီးမှ စွန့်ပစ် အမှိုက်များနှင့်
ရေဆိုးရေညစ်များ ကြောင့် ရွှေညောင်မြို့၊ ကျီးဖြူကန် တွင် ပတ်ဝန်းကျင်
ညစ်ညမ်းမှုများ ဖြစ်ပေါ်နေပြီး အနံ့အသက်ဆိုးများ ထွက်ပေါ်နေသဖြင့် ဒေသခံများအ တွက်
သောက်သုံးရေ အခက်အခဲ ဖြစ်ပေါ်နေသည့်အပြင် စိုက်ပျိုးရေး လုပ်ငန်းများတွင်
ထိခိုက်ပျက်စီး ဆုံး ရှုံးမှုများနှင့် ရင်ဆိုင်ကြုံတွေ့ နေရ သည်ဟု သိရသည်။
.
.
“၂၀၁၀
နောက်ပိုင်းမှာ ကန် ထဲမှာ စွန့်ပစ်အမှိုက်တွေ ပြည့်နေ ပြီး အနံ့ဆိုးထွက်တာ
ပိုဆိုးလာ တယ်။ အခု နောက်ပိုင်းမှာ သောက် သုံးရေပါ ခက်ခဲလာတယ်။ စိုက်ပျိုး ရေး
တောင်သူတွေ ထိခိုက်ဆုံးရှုံး တာတွေလည်း ရှိလာတယ်။ အဓိ ကကတော့ တောင်ကြီးကနေ စွန့်
ပစ်တဲ့ အမှိုက်တွေနဲ့ ရေဆိုးရေ ညစ်တွေက ဒီကျီးဖြူကန်ထဲ အ ကုန်စီးဝင်ပြီး
အခုလိုဖြစ်လာတာ ပါ။ ဘယ်သူက တာဝန်ရှိလို့ ဘယ် သူ့ကို တင်ပြရမယ်ဆိုတာ မသိဘူး
ဖြစ်နေတယ်။ အခုက လှေစီးရင်း ရေငတ်တာမျိုး ကြုံနေရတယ်။ ရေကိုမြင်ရပြီး သုံးလို့မရဘူး။
ရေ တွင်းတူးပြီး သုံးတယ်။ တချို့က ဝယ်သုံးရတယ်” ဟု ရွှေညောင်မြို့၊
ကုန်းပေါကျေးရွာနေ ဒေသခံ ဦး တင်ဌေးက ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
ထို့အပြင် ရေကန်မှာ တိမ်ကော လာနေသည့်အတွက် ရေလှောင်ထား
နိုင်စွမ်း မရှိတော့ဘဲ ယင်း ကျီးဖြူ ကန်ကို
အမီပြု လုပ်ကိုင်စား သောက် နေသည့် တောင်သူများအတွက် သက်ဆိုင်ရာ
တာဝန်ရှိသူများမှ အ မြန်ဆုံးကွင်းဆင်း စစ်ဆေး ဖြေရှင်း ပေးစေလိုကြောင်း ၎င်းက ဆက်
လက် ပြောဆိုခဲ့သည်။
.
ကုန်းပေါကျေးရွာနေ ဒေသခံ များ အနေဖြင့် ကျီးဖြူကန် မတိမ်
ကောရေးနှင့် သန့်ရှင်းသာယာရေး အတွက် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောင်ရွက်ခဲ့သော်လည်း
နည်းပ ညာ အခက်အခဲ၊ လုပ်သားနှင့် ငွေ ကြေးအခက်အခဲများကြောင့် ရေ ရှည်လုပ်ကိုင်
နိုင်ခြင်း မရှိဘဲ ယင်း ကျေးရွာတွင် နေထိုင်သူ အများစုမှာ
စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက် မွေးဝမ်းကျောင်းပြုသူများ ဖြစ်သဖြင့် စီးပွားရေး
ထိခိုက်ဆုံးရှုံးမှုများ ရှိလာ နေကြောင်း ဒေသခံများထံက သိရ သည်။
.
အဆိုပါ ကျီးဖြူကန်အတွင်းသို့ တောင်ကြီးမြို့မှ
စွန့်ပစ်အမှိုက်နှင့် ရေဆိုးရေညစ်များ စီးဝင်သည့် ရေ ချောင်း ၂ ချောင်းရှိပြီး
ရေကန်မှာ တိမ်ကောပျက်စီးမှု ပိုမိုဆိုးရွားလာ သဖြင့် မိုးရာသီကာလအတွင်း မိုး
သည်းထန်စွာ ရွာသွန်းပါက သီး နှံလယ်ယာ စိုက်ခင်းများ ရေမြှုပ် ပျက်စီးခြင်းနှင့်
သွားလာရေး ခက်ခဲ့ ခြင်းများ ဖြစ်ပေါ်နေလျက် ရှိသည် ဟု သိရသည်။
.
ယင်းကျီးဖြူကန် အတွင်းသို့ တောင်ကြီးမြို့ပေါ် ၂၂ ရပ်ကွက်မှ
အိမ်သုံးစွန့်ပစ် အမှိုက်များနှင့် စက် ရုံ အလုပ်ရုံများမှ စွန့်ပစ်သည့် ရေ
ဆိုးရေညစ်များ စီးဝင်ကာ ယခုကဲ့ သို့ အနံ့အသက်ဆိုးများ ထွက်ပေါ် ပြီး
သဘာဝပတ်ဝန်းကျင် ညစ်ညမ်း နေခြင်းဖြစ်ကြောင်း သိရသည်။
.
“တောင်ကြီးက
စွန့်ပစ်လိုက်တဲ့ အမှိုက်နဲ့ ရေဆိုးရေညစ်တွေ အ ကုန်လုံးက ကျီးဖြူကန်ထဲ အကုန်
စီးဆင်းသွားတယ်။ မြို့ပေါ်က လူ တွေ စည်းကမ်းမဲ့ စွန့်ပစ်လိုက်တဲ့ အမှိုက်တွေနဲ့
ရေဆိုး ရေညစ်တွေရဲ့ အကျိုးဆက်က ဒီကျီးဖြူ ကန်နားက ရွာတွေ၊ လူတွေကို ထိခိုက်တယ်။
ဒေသခံတွေဘက်က အမှိုက်တွေကို ဆယ်ပြီး ပုံတာလောက်ပဲ လုပ်နိုင် တယ်။ ဒီအမှိုက်တွေကို
စနစ်တ ကျပစ်ဖို့ နေရာက မရှိဘူး။ ဘယ် လောက်ပဲ ဆယ်ဆယ် ပြန် ဖြစ်နေ မှာပဲ။
ရေရှည်လုပ်ဆောင်နိုင်မှာ မ ဟုတ်ဘူး။
ကျီးဖြူကန်နားက လူ တွေထက် မြို့ပေါ်ကလူတွေက ပိုပြီး အသိရှိရမယ်။
ရေချောင်းတွေထဲ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာ တွေ လုံးဝမလုပ်ဖို့လိုတယ်” ဟု
ရှင်သန် ကမ္ဘာမြေ အစိမ်းရောင်ကွန်ရက်မှ ဒေါ်ချယ်ရီကျော်ကလည်း၎င်း၏ အ မြင်ကို
ကမ္ဘောဇတိုင်းသို့ ပြောဆိုခဲ့ သည်။
.
ယင်းကဲ့သို့ ကျီးဖြူကန်အတွင်း အနံ့အသက်ဆိုးများ
ထွက်ပေါ်ပြီး ရေထုညစ်ညမ်းမှု ဖြစ်ပေါ်နေခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများမှ
တစ်စုံတစ်ရာ လာရောက်စစ်ဆေး ဖြေရှင်းပေးခြင်းမျိုး မရှိကြောင်းနှင့် ဆည်မြောင်း
ဦးစီးဌာနမှ တာဝန် ရှိသူများအနေဖြင့် ရံဖန်ရံခါ လာ ရောက်ကြည့်ရှု စစ်ဆေးမှုများ ပြု
လုပ်ခဲ့သော်လည်း ဒေသခံကျေး ရွာ သားများမှ တင်ပြပြောဆိုခွင့် မရခဲ့ ကြောင်း သိရသည်။
.
ကျီးဖြူကန်မှရေကို အမှီပြု၍ စိုက်ပျိုးရေးလုပ်ငန်း
လုပ်ကိုင်သည့် လယ်ယာမြေ ဧက ၁၀၀၀ ကျော် ရှိပြီး အင်းလေးကန်၏ ရေဝေရေလဲဒေသ
တစ်ခုဖြစ်သောကြောင့် ကန်သန့် ရှင်းသာယာရေးနှင့် ကန်တိမ်ကော ပျက်စီးမှုမရှိစေရေး
အတွက်ရှမ်း ပြည်နယ်အစိုးရမှ အထူးအလေး ထား ဆောင်ရွက်ပေးစေလိုကြောင်း ဒေသခံများထံက
သိရသည်။
.
ကျီးဖြူကန်အတွင်း စွန့်ပစ်အ မှိုက်များကြောင့် သောက်သုံးရေ
အခက်အခဲနှင့် စိုက်ပျိုးရေးလုပ် ငန်းများ ထိခိုက်ပျက်စီးမှု အပြင် ဒေသခံများ၏
ကျန်းမာရေးထိ ခိုက်လာမည်ကို စိုးရိမ်ပူပန်နေကြ ကြောင်း သိရသည်။
.
ယင်းကျီးဖြူကန် အနီး ဝန်း ကျင် ကျေးရွာများမှ ဒေသခံ တောင်
သူများအနေဖြင့် စပါးနှင့် ကြက်သွန် နီကို အဓိကထား စိုက်ပျိုးလုပ်ကိုင်
ကြခြင်းဖြစ်ကြောင်း သိရသည်။
.