ကျောက်မဲအဝင် တိုးလ်ဂိတ်တွင် လိုင်စင်မဲ့မော်တော်ယာဉ် ၅ စီး ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်မဲအဝင် တိုးလ်ဂိတ်တွင် လိုင်စင်မဲ့မော်တော်ယာဉ် ၅ စီး ဖမ်းမိ

မင်းဇော်မင်း

.

ကျောက်မဲမြို့အဝင် အိုရီယမ်တယ်တိုးလ်ဂိတ်တွင် စက်တင်ဘာလ ၂၈ ရက်၊ နံနက်ပိုင်းက လိုင်စင်မဲ့မော်တော် ယာဉ် ၅ စီးအား သယ်ဆောင်မောင်းနှင်လာသူများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၂၈ ရက်၊ နံနက်ပိုင်းက လှည့်ကင်းဆောင်ရွက်နေစဉ် အိုရီယမ်တယ် တိုးလ်ဂိတ် အနီးတွင် နောင်ချိုမြို့ဘက်မှ ကျောက်မဲမြို့ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်များအား ရပ်တန့်စစ်ဆေး ရှာဖွေရာ ထိုင်းနိုင်ငံမှ သယ်ဆောင်လာပြီး လားရှိုးမြို့သို့ သွားရောက်ရောင်းချမည့် အဆိုပါ မော်တော် ယာဉ်များအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ဖမ်းဆီးရမိခဲ့သော လိုင်စင်မဲ့ မော်တော်ယာဉ်များမှာ ကျိုက်ထိုမြို့၊ ဖက်ကလိပ်ရပ်ကွက်နေ အငယ်လေး မောင်းနှင်လာ သည့် Wish အမျိုးအစား အဖြူရောင် မော်တော်ယာဉ်၊ ကျိုက်ထိုမြို့၊ သစ်ဆိပ်ပင်ကျေးရွာနေ ဝေယံထက် မောင်းနှင် လာသည့် LEXUS အနက်ရောင်မော်တော်ယာဉ်၊ မြဝတီမြို့၊ အမှတ် (၃) ရပ်ကွက်နေ ဟန်မင်းသူ မောင်းနှင်လာသည့် Outlander အဖြူရောင်မော်တော်ယာဉ်၊ သာယာဝတီမြို့၊ ပုဂံစက်ရပ်ကွက်နေ ဇော်ထက်အောင် မောင်းနှင်လာသည့် Alphard အဖြူရောင်မော်တော်ယာဉ်နှင့် မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်နေ စိုင်းခမ်းလီ မောင်းနှင်လာသည့် အဖြူရောင် မော်တော်ယာဉ်တို့ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ သယ်ဆောင်မောင်းနှင်လာသူ ၅ ဦးအား ကျောက်မဲမြို့မရဲစခန်းမှ ၂၀၁၂ ခုနှစ်၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် သီးခြားစီ အမှုဖွင့်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats