ကျောက်မဲတွင် ပါဆယ်စနစ်ဖြင့်ရောင်းချရန် ထုတ်ပြန်ထားသည့် စည်းကမ်းကို ချိုးဖောက်သည့် ဆိုင် ၂ ဆိုင်အား အရေးယူ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်မဲတွင် ပါဆယ်စနစ်ဖြင့်ရောင်းချရန် ထုတ်ပြန်ထားသည့် စည်းကမ်းကို ချိုးဖောက်သည့် ဆိုင် ၂ ဆိုင်အား အရေးယူ

မိုင်းထွန်း (ပြန်ဆက်)

.

ကျောက်မဲမြို့နယ်တွင် ပါဆယ်စနစ်ဖြင့်သာရောင်းချရန် ထုတ်ပြန်ထားသည့် စည်းကမ်းကို ချိုးဖောက်သည့် ဆိုင် ၂ ဆိုင်အား ၇ ရက် ယာယီပိတ်သိမ်းစေခြင်းဖြင့် အရေးယူဆောင်ရွက်ခဲ့သည်ဟု သိရသည်။

.

.

ကျောက်မဲမြို့နယ် COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူများက စက်တင်ဘာလ ၂၇ ရက်၊ နံနက်ပိုင်းတွင် ကျောက်မဲမြို့ပေါ်ရှိ စားသောက်ဆိုင်များအား သတ်မှတ်စည်းကမ်းများအတိုင်း ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျောက်မဲမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ အားလုံးကို စက်တင်ဘာလ ၂၅ ရက်မှ စတင်၍ ပါဆယ် (Take-away) စနစ်ဖြင့်သာ ရောင်းချရန် မြို့နယ်စည်ပင်သာယာရေး ကော်မတီက စက်တင်ဘာလ ၂၄ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် (၆/၂၀၂၀) ဖြင့် ထုတ်ပြန်ထားခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသံချဲ့စက်ဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်အသိ‌ပေး ကြေညာ ခြင်းများဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

.

ထို့အပြင် ကျောက်မဲမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုးနိုင်ဦးနှင့် ဒုတိယခရိုင် ပြည်သူ့ ကျန်းမားရေးဦးစီးဌာနမှူး ဒေါက်တာနန်းရီလှိုင်ဦး ဦးဆောင်သည့် အဖွဲ့တို့သည် စက်တင်ဘာ ၂၅ ရက်က ကျောက်မဲ မြို့ပေါ်ရှိ စားသောက်ဆိုင်များသို့သွားရောက်ပြီး ပါဆယ် စနစ်ဖြင့်သာ ရောင်းချရန်၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ရန် ဆိုင်ရှင်များအား အသိပေးရှင်းလင်းပြောကြားပြီး သိရှိကြောင်း ဝန်ခံကတိ လက်မှတ်ရေးထိုးစေခြင်းများဆောက်ရွက်ခဲ့ကြောင်း သိရသည်။

.

ယင်းကဲ့သို့ ထုတ်ပြန်ကြေညာ၊ အသိပေးဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ပြီးသည့်နောက် စားသောက်ဆိုင်များအား တာဝန်ရှိသူများက ရှောင်တခင် ကွင်းဆင်စစ်ဆေးရာ လိုက်နာမှုမရှိသည့် အမှတ် (၁) ရပ်ကွက်ရှိ ဆိုင် ၁ ဆိုင်၊ အမှတ် (၈) ရပ်ကွက်ရှိ ဆိုင် ၁ ဆိုင် စုစုပေါင်း ၂ ဆိုင်ကို  ၇ ရက် ဆိုင်ရောင်းချခြင်း ယာယီပိတ်သိမ်းစေခဲ့ပြီး အဆိုပါဆိုင်များက သတ်မှတ်စည်းကမ်းများကိုထပ်မံ ချိုးဖောက်ခဲ့ပါက ၁၄ ရက် ထပ်မံယာယီပိတ်သိမ်းရမည်ဖြစ်ကာ တတိယအကြိမ် ထပ်မံချိုးဖောက်ပါက COVID-19 ရောဂါ တားဆီးထိန်းချုပ် ကာကွယ်ရေး ဥပဒေအရ ဆက်လက် အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats