မိုင်းထွန်း
.
COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ အမှတ် (၁၉၇၅) ဝင်ရောက်နားခိုခဲ့သည့်
ကျောက်မဲမြို့၊ ပန်ပေါင်းကျေးရွာရှိ နှင်းတောင်တန်း (၂) စားသောက်ဆိုင်အား ယမန်နေ့ စက်တင်ဘာလ
၁၁ ရက်မှစတင်၍ Lock Down ပြုလုပ်ပြီး ဆိုင်ရှင်နှင့် ဝန်ထမ်း
၁၅ ဦးတို့အား Home Quarantine ထားရှိထားကြောင်း သိရသည်။
.
.
အဆိုပါ ဓါတ်ခွဲအတည်ပြုလူနာ အမှတ် (၁၉၇၅) သည် စစ်ကိုင်တိုင်းဒေသကြီး၊
ကလေးမြို့နသူဖြစ်ကာ တရုတ်နိုင်ငံမှပြန်လာသူဖြစ်ပြီး မူဆယ်မြို့မှတဆင့်
လားရှိုးမြို့ သို့ ဩဂုတ် ၃၁ ရက်နေ့ တွင်ရောက်ရှိကာ လားရှိုးမြို့ ၊ နားမခေါ်ကားကွင်းရှိ SMC ဧည့်ရိပ်မွန်၌ ၃
ညတာ တည်းခိုခဲ့ပြီး စက်တင်ဘာ ၃ ရက်နေ့မှ လားရှိုး- မန္တလေးသို့ပြေးဆွဲသည့် ရတနာ
ကား ဖြင့် မန္တလေးသို့ သွားစဉ်
ကျောက်မဲမြို့ နှင်းတောင်တန်း ၂ စားသောက်ဆိုင်တွင် ခေတ္တ ဝင်ရောက်နားခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။
.
ယင်း အတည်ပြုလူနာ (၁၉၇၅) နှင့် ပတ်သက်၍ လားရှိုးမြို့ရှိ ၎င်း
တည်းခိုခဲ့သည့် တည်းခိုခန်းကိုလည်း စက်တင်ဘာလ ၁၁ ရက်တွင် Lock Down ပြုလုပ်ထားပြီး တည်းခိုခန်းဝန်ထမ်းများအပါအဝင် ထိတွေ့ခဲ့သူများ၊ လာရောက်တည်းခိုသူများ
အားလုံးကို Facilities Quarantine ပြုလုပ်ထားကာ Quarantine
ဝင်ရောက်နေသူ အားလုံး၏ ဓါတ်ခွဲနမူနာများကို ပေးပို့စစ်ဆေးသွားမည်ဖြစ်ကြောင်း
သိရသည်။
.