ကျောက်မဲနှင့် နောင်ချိုတွင် မူးယစ်ဆေးဝါးများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်မဲနှင့် နောင်ချိုတွင် မူးယစ်ဆေးဝါးများ ဖမ်းမိ

ကမ္ဘောဇတိုင်း

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲနှင့် နောင်ချိုမြို့များတွင် စက်တင်ဘာလ ၂၂ ရက်၊ ညပိုင်းက မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.


.

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၂၂ ရက်၊ ညနေ ၆ နာရီခွဲ အချိန်က သတင်းအရ သက်သေများနှင့်အတူ နောင်ချိုမြို့နယ်၊ ငုက္ခလေးကျေးရွာအုပ်စု၊ ငုက္ခလေးကျေးရွာနေ ကျော်ဇင်ထွေး ၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအားနေအိမ်တွင်တွေ့ရှိပြီး နေအိမ်မှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၅၈၀၀ ပြား၊ ဒေသကာလ ပေါက်စျေးတန်ဖိုးငွေကျပ် ၅၈ သိန်း၊ ဖန်ပုလင်း/ရောင်စုံဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၆၃ ဂရမ်၊ ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၉၄၅၀၀၀ တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

.

အလားတူ ယင်းနေ့ ည ၁၀ နာရီ ၄၀ အချိန်က ကျောက်မဲမြို့နယ်၊ မူဆယ်-မန္တလေး သွားကားလမ်းတွင် တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်နေစဉ် သီပေါမြို့ဘက်မှ ကျောက်မဲမြို့ဘက်သို့ ကျောက်မဲမြို့၊ ရပ်ကွက် (၉)နေ ဟန်ထွန်းဇော် စီးနင်းမောင်းနှင်လာသည့်မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းခါးတွင် ပတ်ထားသောခါးပတ်အိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀၀ ပြား၊ ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၂၀ သိန်းအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

.

အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ ရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats