ကျောက်မဲတွင် မူးယစ်ဆေးဝါးများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်မဲတွင် မူးယစ်ဆေးဝါးများ ဖမ်းမိ

မိုင်းထွန်း

.

ကျောက်မဲမြို့၊ အမှတ် (၆) ရပ်ကွက်တွင် စက်တင်ဘာလ ၂၃ ရက်၊ ညနေပိုင်းက မူးယစ်ဆေးဝါးများအား သယ်ဆောင် လာသူ အမျိုးသားတစ်ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၂၃ ရက်၊ ညနေ ၃ နာရီခန့်က ကျောက်မဲ မြို့ပေါ် ရပ်ကွက်များအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ကျောက်မဲမြို့၊ အမှတ် (၆) ရပ်ကွက်၊ နယ်မြေ (၆) ရှိ ရန်ကုန် ဘုန်းကြီးကျောင်းတိုက်နှင့် ဘန်ကောက်ဘုန်းကြီးကျောင်းတိုက်အကြား လွယ်ခွန်တောင် ပတ်လမ်းအရောက် တွင် မော်တော်ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားတစ်ဦးအား ရပ်တန့်စစ်ဆေးမေးမြန်းရာ ကျောက်မဲမြို့၊ အမှတ် (၈) ရပ်ကွက်၊ ဖြူးရွာသစ်နေ ကျော်နိုင် ဆိုသူဖြစ်ကြောင်း သိရပြီး ၎င်းလွယ်ထားသော လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ဟုယူဆရသော လိမ္မော်ရောင်ဆေးပြား ၁၀၀၀ ပြား နှင့် ဘိန်းဖြူဟုယူဆရသော ဖြူ/ဝါ ရောင်အမှုန့် ၉၁ ဂရမ်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါမူးယစ်ဆေးဝါး ကို သုံးစွဲ၊ ရောင်းချ ရန်အလို့ငှာ လက်ဝယ်ထားရှိသည့် ကျော်နိုင် အား ကျောက်မဲ မြို့မ ရဲစခန်းတွင် မူးယစ်ဆေးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အရေးယူ ဆောင်ရွက် ထားကြောင်း သိရသည်။

.

Journal Download

Photo of three cats