ကျောက်မဲတွင် ခင်ပွန်းမှဇနီးဖြစ်သူအား ဓါတ်ဆီလောင်း ခြိမ်းခြောက်မီးရှို့မှုဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်မဲတွင် ခင်ပွန်းမှဇနီးဖြစ်သူအား ဓါတ်ဆီလောင်း ခြိမ်းခြောက်မီးရှို့မှုဖြစ်ပွား

မိုင်းထွန်း

.

ကျောက်မဲမြို့တွင် စက်တင်ဘာလ ၁၇ ရက်၊ နေ့လယ်ပိုင်းက ခင်ပွန်းမှ ဇနီးဖြစ်သူအား ဓါတ်ဆီးလောင်းပြီး ခြိမ်းခြောက် မီးရှို့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

ကျောက်မဲမြို့၊ အမှတ် (၁) ရပ်ကွက်၊ နယ်မြေ (၁၂)၊ ပြိန်းနင်ရပ်နေ တင်ဝင်းမောင် (ခ) ဒူးရှည်နှင့် ဇနီးဖြစ်သူတို့သည် စက်တင်ဘာလ ၁၇ ရက်၊ မွန်းလွဲ ၁ နာရီခန့်က လင်မယားချင်း စကားများ ရန်ဖြစ်ရာမှ ဇနီးဖြစ်သူက သေချင်ကြောင်း ပြောသဖြင့် ခင်ပွန်းဖြစ်သူက ဓါတ်ဆီလောင်းပေးခဲ့ပြီး  ဘုရားစင်ပေါ်မှ မီးခြစ်ကို ဇနီး အား ယူပေးခဲ့ကာ ဇနီးသည်အား ကိုယ်တိုင်မီးမရှို့ပါက ဓါးဖြင့်ခြေလက်များ ဖြတ်တောက်ပစ်မည်ဟု ကြိမ်းဝါးပြောဆိုခဲ့ခြင်းကြောင့် ဇနီးသည်မှာ ကြောက်လန့်၍ မီးခြစ်ကိုခြစ်မိရာမှ ၎င်း၏ ပါးစပ်၊ နားရွက်၊ လည်ပင်း၊ ရင်ဘတ်၊  ဝဲဘက်လက်‌မောင်း/လက်ဖမိုး တို့တွင်  မီးလောင်ကျွမ်းခဲ့ပြီး ကျောက်မဲခရိုင်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်းသိရှ်ိရပါသည်။

.

အဆိုပါ လက်နက်ကိုင် ခြိမ်းခြောက်ပြီး ဇနီးသည်အား မီးရှို့လောင်ကျွမ်းစေသူ တင်ဝင်းမောင်ကို ရာဇသတ်ကြီးပုဒ်မ ၃၂၆ /၅၀၆ တို့ဖြင့်ကျောက်မဲမြို့မ ရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats