ကျောက်မဲတွင် တရားမဝင် နွားတင်ကား ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်မဲတွင် တရားမဝင် နွားတင်ကား ဖမ်းမိ

မင်းဇော်မင်း

.

ကျောက်မဲမြို့နယ်တွင် စက်တင်ဘာလ ၁၁ ရက်၊ နေ့လယ်ပိုင်းက တရားမဝင်နွားများ တင်ဆောင်လာသည့် ယာဉ် တစ်စီးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၁၁ ရက်၊ မွန်းလွဲ ၂ နာရီ မိနစ် ၂၀ ခန့်က ကျောက်မဲမြို့၊ အမှတ် (၁) ရပ်ကွက် မုခ်ဦးအနီး ဓါတ်ဆီဆိုင်ရှေ့တွင် သတင်းအရ စောင့်ဆိုင်းနေစဉ် နောင်ချိုမြို့ဘက်မှ သီပေါမြို့ဘက်သို့ မန္တလေး တိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ဆည်တော်လေးကျေးရွာအုပ်စု၊ တိုက်တန်းကျေးရွာနေ ယာဉ်မောင်း ဦးထွန်းမြတ်သူ (ခ) မြတ်သူ မောင်းနှင်ပြီး ၎င်း၏သား ဖိုးချစ် (ခ) ချစ်စန်းမောင်နှင့် ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာနေ နွားထိန်း နောင်နောင်ဇော် (ခ) မွှေးနီ တို့ လိုက်ပါစီးနင်းလာသည့် ယာဉ်ပေါ်တွင် နွားမကောင်ရေ ၉ ကောင်၊ တစ်ကောင်လျှင် တန်ဖိုးငွေကျပ် ၆ သိန်းဖြင့် ငွေကျပ် ၅၄ သိန်း၊ နွားထီးကောင်ရေ ၅ ကောင်၊ တစ်ကောင်လျှင် ငွေကျပ် သိန်း ၄၀ ဖြင့် စုစုပေါင်း ငွေကျပ် ၉၄ သိန်းခန့် တန်ဖိုးရှိ နွားကောင်ရေ ၁၄ ကောင်ကို အထောက်အထားမဲ့ သယ်ဆောင် လာကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ကျောက်မဲမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ရဲစခန်းတွင် အမှုဖွင့် တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ အထောက်အထားမဲ့နွားများအား တင်ဆောင်လာသူ ဦးထွန်းမြတ်သူ (ခ) မြတ်သူနှင့် နောင်နောင်ဇော် (ခ) မွှေးနီတို့ကို ကျောက်မဲမြို့မရဲစခန်းမှ (ပ)၈၇/၂၀၂၀၊ ၂၀၁၂ ခုနှစ်၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ အရ အမှုဖွင့် ဖမ်းဆီးပြီး ဖိုးချစ် (ခ) ချစ်စန်းမောင်ကိုမူ  အသက် မပြည့်သေးသည့်အတွက် ၂၀၁၉ ခုနှစ်၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေပုဒ်မ-၈၀(ဆ)(ည)တို့အရ ထိန်းသိမ်းထားရှိကြောင်း သိရသည်။.

Journal Download

Photo of three cats