COVID-19 လူနာအမှတ်(၁၉၇၅)နှင့် ဆက်စပ်သည့် ကျောက်မဲမြို့နယ်မှ ၁၅ ဦးတွင် ပိုး မတွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 လူနာအမှတ်(၁၉၇၅)နှင့် ဆက်စပ်သည့် ကျောက်မဲမြို့နယ်မှ ၁၅ ဦးတွင် ပိုး မတွေ့

မိုင်းထွန်း
.
COVID-19 ပိုးတွေ့ အတည်ပြု လူနာအမှတ်(၁၉၇၅)နှင့် ဆက်စပ်သည့် ကျောက်မဲမြို့နယ်မှ ၁၅ ဦး၏ ဓါတ်ခွဲ အဖြေတွင် ပိုး မတွေ့ကြောင်း သိရသည်။
.

ကျောက်မဲမြို့၊ ပန်းပေါင်းကျေးရွာရှိ စားသောက်ဆိုင် တစ်ခုမှ ၁၅ ဦး၏ ဓါတ်ခွဲ နမူနာများကို စက်တင်ဘာလ ၁၂ ရက်တွင် ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)သို့ ပေးပို့ စစ်ဆေးခဲ့ရာ ပိုး မတွေ့ အဖြေ ရရှိခဲ့ခြင်း ဖြစ်ပြီး ကျောက်မဲမြို့နယ် အတွင်းရှိ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စင်တာစောင့်ကြည့်ထားသူများ၏  ဓါတ်ခွဲနမူနာများတွင်လည်း ပိုး မတွေ့ကြောင်း သိရသည်။
.
ကျောက်မဲမြို့နယ်တွင် COVID-19 ကပ်ရောဂါ အဖြစ်များသော ဒေသများမှ ပြန်လာသည့် သူများနှင့် ပြည်ပနိုင်ငံများမှ ပြန်လာသည့်သူများကို အသွားအလာ ကန့်သတ် စောင့်ကြည့်သည့်စင်တာတွင် ထားရှိပြီးနောက် ၎င်းတို့၏ ဓါတ်ခွဲနမူနာများကို ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)သို့ ပေးပို့ စစ်ဆေးနေခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats