ခွန်သန်းအောင်
.
တောင်ကြီးခရိုင်၊ ကလောမြို့တွင် စက်တင်ဘာလ ၂၃ ရက်၊ နံနက်ပိုင်းက
လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီးအား မောင်းနှင်လာသူနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၂၃ ရက်၊ နံနက် ၁၁ နာရီခွဲအချိန်ခန့်က
ကလောမြို့နယ်အတွင်း စစ်ဆေး ရှာဖွေမှုများ ပြုလုပ်နေစဉ် သာစည်ဘက်မှ ကလောမြို့ဘက်သို့
ကျိုက်ထိုမြို့၊ မြောက်ရပ်ကွက်၊ ငယ်ဒိုးကျေးရွာနေ ထွန်းမင်းလတ် မောင်းနှင့်လာသည့် Crown Athlete အမျိုးအစား အဖြူရောင်မော်တော်ယာဉ်အား စစ်ဆေးရာ ယာဉ်နှင့် ပတ်သက်သည့် တရားဝင်မှတ်ပုံတင်ထားသော
လိုင်စင် စာရွက်စာတမ်းအထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း
စစ်ဆေးတွေ့ရှိရသဖြင့် သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ လိုင်စင်မဲ့ မော်တော်ယာဉ် လက်ဝယ်တွေ့ရှိမှုနှင့် ပတ်သက်၍
ယာဉ်မောင်း ထွန်းမင်းလတ်အား ကလော မြို့နယ်ရဲစခန်းတွင် (ပ) ၁၃၆/၂၀၂၀၊ ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ ၈
ဖြင့် အမှုဖွင့် ဖမ်းဆီးထားရှိကြောင်း သိရသည်။
.