.
ကလောမြို့နယ်၊ ရေယားကျေးရွာအနီး၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင်
စက်တင်ဘာလ ၁၄ ရက်၊ နံနက် အစောပိုင်းက မော်တော်ယာဉ် တစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ
လမ်းဘေး ချောက်အတွင်းသို့ ထိုးကျ၊ တိမ်းမှောက်ခဲ့သဖြင့် ယာဉ်မောင်း ဖြစ်သူ သေဆုံးခဲ့ကြောင်း သိရသည်။
.
သာစည်ဘက်မှ ကလောဘက်သို့ ကလောမြို့နယ်၊ အမှတ်(၈)ရပ်ကွက်နေ အသက် ၃၈
နှစ် အရွယ်ရှိ ကိုကြည်စိုးဦး မောင်းနှင်လာသည့် မော်တော်ယာဉ်သည် ကလောမြို့နယ်၊
ရေယားကျေးရွာအနီး၊ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင် အမှတ် (၆၈/၅)နှင့် (၆၈/ ၆) ကြားသို့ အရောက်တွင် အရှိန် မထိန်းနိုင်ဘဲ
လမ်း၏ ဝဲဘက် အနက်ပေ ၁၀၀ ခန့်ရှိ
ချောက်အတွင်းသို့ ထိုးကျ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယာဉ် တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ဖြစ်သူ ကိုကြည်စိုးဦး၏ ဝဲဘက် လည်ပင်းကျိုး ဒဏ်ရာ၊ ဝဲဘက် နားရွက်ပြတ်ရှ
ဒဏ်ရာ ၊ ဝဲဘက် နားထင်ဖူးရောင် ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးခဲ့ရကြောင်း သိရသည်။
.
အဆိုပါ မော်တော်ယာဉ်အား မဆင်မခြင် မောင်းနှင်ပြီး
အရှိန် မထိန်းနိုင်ဘဲ ချောက် အတွင်းသို့ ထိုးကျ တိမ်းမှောက်ခဲ့သဖြင့် မိမိကိုယ်ကို
ဒဏ်ရာများ ရရှိ သေဆုံးစေသူ ယာဉ်မောင်းအား ကလောမြို့မရဲစခန်းတွင် ယာဉ် (ပ) ၂၈/ ၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၀၄-က
ဖြင့် အမှုဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။