ကမ္ဘောဇဘဏ်မှ ရန်ကုန်တိုင်းဒေသကြီးအတွက် ငွေကျပ် သိန်း ၁၂၀၀ တန်ဖိုးရှိ ရွေ့လျားကိုယ်အပူချိန်တိုင်းတာစက် ၆ လုံး လှူဒါန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကမ္ဘောဇဘဏ်မှ ရန်ကုန်တိုင်းဒေသကြီးအတွက် ငွေကျပ် သိန်း ၁၂၀၀ တန်ဖိုးရှိ ရွေ့လျားကိုယ်အပူချိန်တိုင်းတာစက် ၆ လုံး လှူဒါန်း


ကမ္ဘောဇတိုင်း
.
ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ငွေကျပ် သိန်း ၁၂၀၀ တန်ဖိုးရှိ ရွေ့လျားကိုယ်အပူချိန်တိုင်းတာစက် (AI Thermal Body Screening System) ၆ လုံးကို စက်တင်ဘာလ ၄ ရက်တွင် ကမ္ဘောဇဘဏ် အထွေထွေမန်နေဂျာ ဦးမြင့်ဦးမှ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
.
.
အဆိုပါ ကိုယ်အပူချိန် တိုင်းတာစက်များကို မော်တော်ယာဉ်များတွင် ထည့်သွင်းတပ်ဆင်ကာ မြို့နယ်၊ ရပ်ကွက်များ အတွင်းရှိ ပြည်သူများ၏ ကိုယ်အပူချိန်များကို တိုင်းတာနိုင်မည်ဖြစ်သဖြင့် COVID-19 ရောဂါ ကာကွယ်ထိန်းချု်ရေး လုပ်ငန်းများတွင် များစွာ အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
.
ကမ္ဘောဇဘဏ်သည် ရန်ကုန်တိုင်းဒေသကြီးတွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက်၂၀၁၆ ခုနှစ်က ငွေကျပ်သိန်း ၁၀၀၀ လှူဒါန်းခြင်း၊ ရေရှားပါးသော ဒေသများ အတွက်ငွေကျပ်သိန်း ၁၈၀၀ ခန့်တန်ဖိုးရှိရေသယ်ယာဉ်သစ် ၄ စီးလှူဒါန်းခဲ့ခြင်း အပါအဝင်ကဏ္ဍပေါင်းစုံတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ပြည်သူများအတွက်အစဉ်အမြဲ လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
.

ထို့အပြင် ကမ္ဘောဇဘဏ်သည် COVID-19 ကာလတွင်ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပြည်သူများအတွက် ဆန်အိတ် ၃၀၀၀ လှူဒါန်းခြင်း၊ ရန်ကုန်မြို့ အမျိုးသားဓါတ်ခွဲခန်းတွင်အရေးပေါ်လိုအပ်နေသော Caterpillar အမျိုးအစား ၅၀၀ KVA မီးစက်ကြီး လှူဒါန်းခြင်း၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ အခြေခံပြည်သူများ အတွက် ရှမ်ပြည်နယ်မှထွက်ရှိသည့် ဂေါ်ဖီထုပ်များကို We Love Yangon  အပါအဝင် ပရဟိတအသင်းများနှင့် ပူးပေါင်း၍ Door to Door စနစ်ဖြင့် အိမ်တိုင်ရာရောက် ဖြန့်ဝေလှူဒါန်းခြင်းများကိုစနစ်တကျ ဆောင်ရွက်ခဲ့ပြီး ယခုအခါ လူနေထူထပ်သည့် ရန်ကုန်မြို့တွင် အရေးပေါ် လိုအပ်နေသည့် ရွေ့လျားကိုယ်အပူချိန်တိုင်းစက် ၆ လုံးကို ထပ်မံလှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
.
ကမ္ဘောဇဘဏ်သည် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးလုပ်ငန်းများအတွက် ရောဂါမဖြစ်ပွားမီ ဖေဖေါ်ဝါရီလ ၂၆ ရက်မှစတင်ကာ၊ ယနေ့အချိန်ထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ငွေကျပ် ၆၁၆၄၂ သိန်းကို လှူဒါန်းထားပြီးဖြစ်ကြောင်း သိရသည်။
.
ထို့ပြင်ကမ္ဘောဇဘဏ်သည် နိုင်ငံတော်နှင့်ပြည်သူ့အတွက်ယနေ့အချိန်ထိလူမျိုးမရွေး၊ ဘာသာမရွေး၊ နေရာဒေသမရွေး၊ ကဏ္ဍအသီးသီးတွင်အလှူငွေစုစုပေါင်း ၁၆၆ ဘီလီယံကျော် လှူဒါန်းခဲ့သည့်အပြင်ဆက်လက်၍လည်း လိုအပ်သည့်အချိန်၊ လိုအပ်သည့်နေရာ၊ လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ် ပေးအပ်လှူဒါန်းသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats