ကမ္ဘောဇဘဏ်မှ မွန်ပြည်နယ် မော်လမြိုင်မြို့သို့ COVID-19 ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ လှူဒါန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကမ္ဘောဇဘဏ်မှ မွန်ပြည်နယ် မော်လမြိုင်မြို့သို့ COVID-19 ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ လှူဒါန်း

ကမ္ဘောဇဘဏ်သည် COVID-19 ကူးစက်မြန်ရောဂါဖြစ်ပွားနေချိန် ကာလတွင် ရခိုင်ပြည်နယ်နှင့် နိုင်ငံအဝန်းရှိရောဂါခံစားနေရသော positive လူနာများနှင့် ၎င်းတို့ကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနေကြသည့် ကျန်းမာရေး ဝန်ထမ်းများအတွက် ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကို ပေးပို့လှူဒါန်းလျက် ရှိရာ ယနေ့ စက်တင်ဘာ (၂၁)ရက်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အထွေထွေရောဂါကု ပြည်သူ့ ဆေးရုံကြီး ကုတင်(၅၀၀)သို့ COVID-19 ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်း(၇)မျိုးနှင့် ပြည်သူ့ဆေးရုံ အထွေထွေအသုံးပြုရန်အတွက် ငွေကျပ်(၁၀၀)သိန်းတို့ကို ပေးအပ်လှူဒါန်းခဲ့‌ကြောင်း သိရသည်။
.

အခမ်းအနားတွင် ကမ္ဘောဇဘဏ်မှ မွန်ပြည်နယ်တာဝန်ခံ ဦးထင်အောင်လှိုင်နှင့် မော်လမြိုင်မြို့ ဘဏ်ခွဲ(၄)ခုတို့မှ မန်နေဂျာများက ပိုးတွေ့လူနာများနှင့် ၎င်းတို့အား ကျန်းမာရေးစောင့်ရှောက်မှု ပေးနေကြသည့် ဝန်ထမ်းများအတွက် COVID-19 ရောဂါ ကာကွယ်ရေးအထောက်အကူပြုပ စ္စည်းများဖြစ်သည့် ဆေးရုံသုံး Mask အခုရေ(၁)သိန်း၊ ခေါင်းစွပ်(၂၀၀၀)၊ မျက်နှာအကာ Face Shield (၅၀၀)၊ လက်အိတ်(၅၀၀၀)၊ Hand Gel ဘူးကြီး(၅၀၀)၊ မျက်မှန်(၁၀၀)၊ PPEဝတ်စုံ(၂၀၀)နှင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံကြီး အထွေထွေအသုံးပြုရန်အတွက် ငွေကျပ်(၁၀၀)သိန်းတို့ကို ပေးအပ်လှူဒါန်းရာ ပြည်နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မြင့်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့‌ကြောင်း သိရသည်။
.
ကမ္ဘောဇဘဏ်သည် COVID-19 ရောဂါ မဖြစ်ပွားခင်အချိန် ဖေဖေါ်ဝါရီလ(၂၆)ရက်မှ စတင်၍ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငွေကျပ် (၆၄,၅၃၂)သိန်း လှူဒါန်းထားရှိပြီး နိုင်ငံတော်နှင့် ပြည်သူ့အတွက် လူမျိုးမရွေး၊ ဘာသာမရွေး၊ နေရာဒေသမရွေး၊ လိုအပ်သည့်အချိန်၊ လိုအပ်သည့်နေရာ၊ လိုအပ်သည်များကို အချိန်နှင့် တစ်ပြေးညီ စဉ်ဆက်မပြတ် ပေးပို့လှူဒါန်းရန် စီစဉ်ထားရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats