အင်းလေးကန်ဒေသ ထိန်းသိမ်းကာကွယ်ရေးနည်းဥပဒေကို လက်ရှိအစိုးရသက်တမ်းအတွင်း ထုတ်ပြန်နိုင်ရန် စီစဉ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အင်းလေးကန်ဒေသ ထိန်းသိမ်းကာကွယ်ရေးနည်းဥပဒေကို လက်ရှိအစိုးရသက်တမ်းအတွင်း ထုတ်ပြန်နိုင်ရန် စီစဉ်နေ


နန်းထက်ထက်
.
အင်းလေးကန်ဒေသ ထိန်းသိမ်း ကာကွယ်ရေး ဥပဒေ အကောင်အ ထည်ဖော်  ဆောင်ရွက်နိုင်ရေး နည်း ဥပဒေကို ရေးဆွဲလျက်ရှိပြီး ယင်း နည်းဥပဒေကို လက်ရှိ အစိုးရသက် တမ်းအတွင်း ထုတ်ပြန်နိုင်ရန် ဆောင် ရွက်လျက် ရှိကြောင်း သိရသည်။
.

.
အင်းလေးကန်ဒေသ ထိန်းသိမ်း ကာကွယ်ရေး နည်းဥပဒေများ ထုတ် ပြန်နိုင်ရေး အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာနတွင်း အကြံဉာဏ်ရယူခြင်း အ စည်းအဝေးကို စက်တင်ဘာလ ၁ ရက်က တောင်ကြီးမြို့၊ ရှမ်းပြည်နယ် သစ်တော ဦးစီးဌာန၊ ရတနာသစ်ခန်း မတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။
.
ဥပဒေက ၂၀၁၉ ဒီဇင်ဘာလ ကတည်းက ထုတ်ပြန်ပြီးပြီ။ ဒီဥပဒေ အသက်ဝင်ဖို့အတွက် နည်းဥပဒေ ရေးဆွဲရတာပါ။ ဒီဇင်ဘာလ နောက် ပိုင်း ရက် ၉၀ အတွင်း နည်းဥပဒေဆွဲ ဖို့ လုပ်တယ်။ COVID-19 ဖြစ်တော့ မဆောင်ရွက်နိုင်ခဲ့ဘူး။ အခုတော့ တတ်နိုင်သမျှ လူစုလူဝေး လျှော့ချပြီး ဌာနတွင်းက ဝန်ထမ်းတွေနဲ့ အရင် ညှိနှိုင်းလိုက်တယ်။ နောက်ထပ် သက် ဆိုင်ရာ ဌာနတွေနဲ့ ဌာနအလိုက် လူ နည်းနည်းနဲ့ ညှိနှိုင်းပွဲတွေ ထပ်လုပ် မယ်။ ဒီအစိုးရ သက်တမ်းအတွင်းမှာ ပဲ နည်းဥပဒေထုတ် ပြန်နိုင်အောင် လုပ်ဆောင်သွားမယ်” ဟု ရှမ်းပြည် နယ်သစ်တောဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဦးခင်မောင်ဝင်းက ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
အဆိုပါ အစည်းအဝေးသို့ ရှမ်း ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီး ဒေါက်တာ ညီညီအောင်၊ အင်းတိုင်းရင်းသား လူမျိုးရေးရာ ဝန် ကြီး ဒေါက်တာထွန်းလှိုင်၊ ရှမ်းပြည် နယ် သစ်တောဦးစီးဌာနမှ ညွှန်ကြား ရေးမှူးနှင့် လက်ထောက်ညွှန်ကြား ရေးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ရေဝေ ရေလဲဒေသ အုပ်ချုပ်ရေးဌာန လက် ထောက် ညွှန်ကြားရေးမှူး၊ အင်းလေး ကန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူး၊ တောင်ကြီးခရိုင်နှင့် မြို့နယ်သစ် တောဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
.
အစည်းအဝေးတွင် သစ်တော ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ရေဝေရေလဲဒေသ အုပ်ချုပ်ရေးဌာန က ရေးဆွဲ အကြံပြုထားသည့် နည်း ဥပဒေ ကနဦး မူကြမ်းကို ရှမ်းပြည် နယ် လွှတ်တော်က ပြဌာန်းထားသည့် အင်းလေးကန် ထိန်းသိမ်းကာကွယ် ရေး ဥပဒေအပေါ် အခြေခံ၍ အခြား တည်ဆဲဥပဒေများ၊ နယ်မြေဒေသ အခြေအနေများနှင့် လိုက်လျော ညီ ထွေ ဖြစ်စေရေး၊ ကန်ရေပြင်နှင့် ရေဝေ ရေလဲဒေသ ၂ မျိုးလုံး ဟန်ချက်ညီစွာ ထိန်းသိမ်းနိုင်ရေးတို့အတွက် မည်ကဲ့ သို့ ပြင်ဆင် ဖြည့်စွက်မည်ကို ဝိုင်းဝန်း ဆွေးနွေး အကြံပြုခဲ့ကြကြောင်း သိ ရသည်။
.
အင်းလေးကန် ထိန်းသိမ်းကာ ကွယ်ရေး ဥပဒေကို ရှမ်းပြည်နယ် လွှတ်တော်က ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ လ ၁၉ ရက်တွင် ၂၀၁၉ ခုနှစ်၊ ရှမ်းပြည် နယ်လွှတ်တော် ဥပဒေအမှတ် (၈) ဖြင့် အတည်ပြုပြဌာန်းခဲ့ခြင်းဖြစ်ပြီး ဥပဒေတွင် အခန်း ၁၁ ခန်း၊ ဥပဒေ ပုဒ်မ ၂၄ ခု ပါဝင်ကြောင်း သိရသည်။
.

Journal Download

Photo of three cats