စောဦး (ရတနာမြေ)
.
နမ္မတူမြို့နယ်ရှိ IDP စခန်း ၃ ခု၌ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပိုးသတ်ဆေးဖျန်းခြင်းကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (နမ္မတူ)နှင့် မေတ္တာရှင်နာရေးလူမှုကူညီရေး အသင်းတို့ ပူးပေါင်း၍ စက်တင်ဘာလ ၁၉ ရက်၊ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
ကြူဆော့ IDP စခန်း၊ ကချင် IDP စခန်း၊ လီဆူး IDP စခန်းတို့ရှိ တိုက်ပွဲရှောင်ပြည်သူများ၏ နေအိမ် ဝရန်တာ၊ တံခါးပေါက်နှင့် တံခါးပေါက် လက်ကိုင်များ၊ အများသုံးနေရာများ ဖြစ်သော လူသွားလမ်းများ၊ ရေအိမ် သန့်စင်ခန်းများနှင့် ရေချိုးခန်းများတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပိုးသတ်ဆေး ဖျန်းပက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (နမ္မတူ)နှင့် မေတ္တာရှင်နာရေးလူမှုကူညီရေး အသင်းအနေဖြင့် နမ္မတူမြို့နယ် ဌာနဆိုင်ရာများ၊ ဆက်စပ်လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ မြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် ပူးပေါင်း ကူညီဆောင်ရွက်လျက် ရှိသည့်အပြင် မြို့နယ်အတွင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၌ ပူးပေါင်းပါဝင် ဆောင်ရွက်လျက် ရှိကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (နမ္မတူ) မှ တာဝန်ခံ ဦးကျော်မျိုးထွဋ်ထံက သိရသည်။
.