ဟိုပုံးတွင် ရေခွန်၊ မီးခွန်၊ အမှိုက်ခွန် ကောက်ခံမှုနှင့် ပတ်သက်၍ ဒေသခံများ၏ ဝေဖန်မှု မြင့်တက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဟိုပုံးတွင် ရေခွန်၊ မီးခွန်၊ အမှိုက်ခွန် ကောက်ခံမှုနှင့် ပတ်သက်၍ ဒေသခံများ၏ ဝေဖန်မှု မြင့်တက်


နန်းထက်ထက်
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဟိုပုံးမြို့ပေါ်တွင် ရေခွန်၊ မီးခွန်၊ အမှိုက်ခွန် ကောက်ခံမှုနှင့် ပတ်သက်၍ ဒေသခံများမှ ဝေဖန်ပြောဆို မှုများ ရှိနေကြောင်း သိရသည်။
.

.
“အမှိုက်ခွန်၊ မီးခွန်တွေဆိုတာ ဒီနှစ်မှကောက်တယ်။ အရင်နှစ်တွေ က မကောက်ဘူး။ ဘာဖြစ်လို့လဲ ဆို တာ မေးခွန်း ထုတ်ချင်တာပေါ့။ အမှိုက်ခွန် ဆိုတာကလည်း အမှိုက်ကား က လာသိမ်းပေးတယ် ဆိုရင်တော့ ဆောင်ရတာ သဘာဝကျတယ်။ အခုက ကိုယ့်အမှိုက်ကို ကားငှားပြီး သွားပစ်ရတယ်။ လမ်းမီးခွန်ဆိုရင် လည်း ကျွန်တော်တို့က ကိုယ့်အိမ် ရှေ့ကိုယ် မီးထွန်းရတယ်။ စည်ပင် သာယာရေး ဌာနအနေနဲ့ Page တစ်ခု ထောင်ပြီး ပြည်သူကို ပြန်ကြားပေး သင့်တာတွေ ပြန်ကြားဖို့၊ ပြည်သူလူ ထု အသံကို နားထောင်ဖို့ လိုမယ်လို့ ယူဆပါတယ်”ဟု ဟိုပုံးမြို့၊ မြို့ဦးရပ် ကွက်နေ ဦးမိုးစည်သူက ပြောသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဟိုပုံးမြို့နယ် စည်ပင်သာယာရေးဌာန မှ အမှုဆောင်အရာရှိ ဦးခင်မောင်မြင့် အား ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာတွင် “စံငှားခွန်ဆိုတာပစ္စည်း အဆောက်အဦပေါ်မှာ တစ်နှစာ ငှားရမ်းခ သတ်မှတ်ပြီး ရာခိုင်နှုန်းအ လိုက် ကောက်ခံတာ ဖြစ်ပါတယ်။ အဆောက်အအုံနဲ့ မြေခွန်ပါတယ်။ အညစ်အကြေးခွန် ပါတယ်။ လမ်းမီး ခွန်လည်း ပါတယ်။ အဲဒါတွေကို အ ခုမှ ကောက်တာ မဟုတ်ပါဘူး။ စည် ပင်သာယာရေး ဌာန အနေနဲ့ အရင်က တည်းက ကောက်နေတာပါ။ လမ်းမီး ခွန်ကတော့ ဒီနှစ်မှ ကောက်ခံခွင့်ပြု တာပါ”ဟု ‌ပြန်လည်ပြောဆိုခဲ့သည်။
.
ထိုသို့ စံငှားခွန်အရပ်ရပ်ကောက် ခံရာတွင် အဆောက်အအုံ မြေခွန်ငှား ရမ်းခ ၄ ရာခိုင်နှုန်း၊ လမ်းမီးခွန် ၄ ရာခိုင်နှုန်း၊ အမှိုက်ခွန် ၈ ရာခိုင်နှုန်း ကောက် ခံနေခြင်း ဖြစ်ပြီး ယခင်က ၃ မျိုး ပေါင်း၍ စံငှားခွန်အဖြစ် ကောက် ခံခဲ့ရာမှ ယခုအခါ ပြည်သူများ ရှင်း လင်းစွာ သိရှိနိုင်ရေးအတွက် စနစ်တ ကျခွဲခြား၍ ကောက်ခံခြင်းဖြစ် ကြောင်း ၎င်းက ဆက်လက် ပြောဆို ခဲ့သည်။
.
ဟိုပုံးမြို့တွင် လမ်းမီးခွန်အတွက် စည်ပင်သာယာရေးဌာနမှ တစ်နှစ် လျှင် ငွေကျပ် ၅၄ သိန်းခန့် ပေးဆောင် နေရပြီး စံငှားခွန် ကောက်ခံ ရငွေ ၄ ရာခိုင်နှုန်းမှ ၂၅ သိန်းကျော် သာ ရရှိသည့်အတွက် လိုအပ်ငွေများကို ပြည်နယ်မှ ကျခံ ပေးဆောင်ပေးနေ ခြင်း ဖြစ်ကြောင်း သိရသည်။
.
“အမှိုက်ခွန် ကောက်တယ် ဆို တာက အိမ်တိုင်ရာရောက် အမှိုက် သိမ်းဆည်းတာ မဟုတ်ပါဘူး။ မြို့ သန့်ရှင်းရေး ဆောင်ရွက်ဖို့အတွက် ကောက်ခံတာဖြစ်ပါတယ်။ အများနဲ့ ဆိုင်တဲ့ နေရာတွေ၊ လမ်းသန့်ရှင်း ရေးက အစပေါ့။ အဓိကကတော့ လမ်း မကြီးတွေနဲ့ရောပြီး သိမ်းသွားပေး တယ်။ ကားဝင်လို့ရတဲ့ နေရာတွေ သိမ်း သွားပေးတယ်။ အမှိုက်သွား သိမ်းတဲ့ အချိန်ဆိုရင် အသံချဲ့စက်ဖွင့် ပြီး ခေါင်းလောင်းတီးပေးတယ်။ အဲဒီ အချိန်မှာ လာပစ်လို့ရပါတယ်”ဟု ဦး ခင်မောင်မြင့်က ဆက်လက်ပြောဆို ခဲ့သည်။
.
ယင်းကဲ့သို့ အမှိုက်ခွန် ကောက်ခံ ရာတွင် တစ်နှစ်လျှင် ၅၁ သိန်း ကျပ် ခန့်သာ ရရှိပြီး အမှန်တကယ် ကုန်ကျငွေ ကျပ်သိန်း ၇၀ ခန့် ရှိနေကြောင်း သိရသည်။
.
ဟိုပုံးမြို့နယ်တွင် ရပ်ကွက် ၆ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၂အုပ်စုရှိ ပြီး မြို့နယ်လူဦးရေ တစ်သိန်း ကျော် ရှိကြောင်း အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ ဒေသဆိုင်ရာ အချက်အ လက်များအရ သိရသည်။
.

Journal Download

Photo of three cats