ဟိုပုံးမြို့ မွေတော်ဘုရားရှေ့ ကျောက်တိုင်ကွင်းလမ်းအား စက်တင်ဘာလအတွင်း အပြီး ဖောက်လုပ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဟိုပုံးမြို့ မွေတော်ဘုရားရှေ့ ကျောက်တိုင်ကွင်းလမ်းအား စက်တင်ဘာလအတွင်း အပြီး ဖောက်လုပ်မည်


နန်းထက်ထက်
.
ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဟိုပုံးမြို့၊ သီရိမင်္ဂလာရွှေချမ်း သာ မွေတော်ဘုရားကြီးရှေ့ ဗိုလ်တေ ဇလမ်း (ကျောက်တိုင်ကွင်း)လမ်း အား စက်တင်ဘာလအတွင်း အပြီးဖောက်လုပ်သွားမည်ဖြစ်ကြောင်း သိ ရသည်။
.
.
ဩဂုတ်လ ပထမ အပတ်မှာ စတင်ဆောင်ရွက်ခဲ့ပြီး စက်တင်ဘာ လမှာ အပြီး ဆောင်ရွက်သွားဖို့ မှန်း ထားပါတယ်။ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ရဲ့ ရန်ပုံငွေနဲ့ ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု ဟိုပုံးမြို့နယ်စည်ပင် သာယာရေးဌာန အမှုဆောင် အရာရှိ ဦးမောင်မောင်မြင့်က ပြောသည်။
.
အဆိုပါ သီရိမင်္ဂလာ ရွှေချမ်း သာ မွေတော်ဘုရားရှေ့ရင်ပြင်ရှိ ဈေး ဆိုင်ခန်းများအား နေရာချကာ ရင်ပြင် အဆင့် မြှင့်တင်ခြင်းနှင့် လမ်းလုပ် ငန်း ပြန်လည် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။
.
ဆိုင်တွေကို နေရာချပြီး လမ်း လုပ်တာဆိုတော့ အမြင်တော့ပြောင်း သွားတာပေါ့။ လမ်းတွေ ကျယ်လာ တာဆိုတော့လည်း ကောင်းပါတယ်။ ရင်ပြင်ဘက်လည်း ပိုကျယ်လာတာ ပေါ့"ဟု ဟိုပုံး ဒေသခံတစ်ဦးက ၎င်း ၏အမြင်ကို ပြောသည်။
.
ယင်းကဲ့သို့ လမ်းအဆင့်မြှင့်တင် ခြင်း လုပ်ငန်း ဆောင်ရွက်ရန်အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဘဏ္ဍာ ရန်ပုံငွေကျပ် ၄၅ ဒသမ ၂ သန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး လမ်းအရှည် ၁၃၀၀ ပေနှင့် အကျယ် ၂၄ ပေ ရှိမည် ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats