ဟိုပုံးမြို့တွင် ပြည်သူများ Mask တပ်ဆင်စေရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဟိုပုံးမြို့တွင် ပြည်သူများ Mask တပ်ဆင်စေရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်နေ

နန်းဝင်းရီ

.

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ Mask တပ်ဆင်စေရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

.

.

ထိုသို့ ဆောင်ရွက်ရာတွင် ယနေ့ စက်တင်ဘာလ ၂၆ ရက်၊ နံနက်ပိုင်းက ဟိုပုံးမြို့၊ သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီးရှေ့တွင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

.

“ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပွားနေတဲ့ COVID-19 ရောဂါကို ကာကွယ်ဖို့အတွက် အသိပညာပေးတာ။ ကာကွယ်နိုင်အောင် ဆိုပြီးတော့ Mask Campaign သဘောမျိုး လုပ်နေတာပါ။ ပြည်သူတွေ အပြင်ကို ထွက်လာရင် Mask တပ်ဖို့ အသိပညာ ပေးတယ်။ ဆက်တိုက်လည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ် ဟု ဟိုပုံးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့် က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ဟိုပုံးမြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်မှ စတင်၍ လူစည်ကားရာ နေရာများ၌ Mask အခမဲ့ဝေငှခြင်းများကို ဆောင်ရွက်နေသည့်အပြင် Mask မတပ်ဆင်လာသူများကို ချက်ချင်း ဝယ်ယူတပ်ဆင်စေသည့်စနစ်ဖြင့် အသိပညာပေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ၎င်းထံက သိရသည်။

.

ထို့အပြင် ဟိုပုံးမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များတွင် စက်တင်ဘာလ ၂၆ ရက်မှ စတင်၍ ဆိုင်ထိုင် စားသောက်ခြင်း ခွင့်မပြုတော့ဘဲ Take away စနစ်ဖြင့်သာ ရောင်းချရန် မြို့နယ်စည်ပင်သာယာရေးဌာနက ထုတ်ပြန်ကြေညာထားသည်ဟု သိရသည်။

.

မြန်မာနိုင်ငံတစ်ဝှမ်းတွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မြင့်တက်လာနေသဖြင့် ဟိုပုံးမြို့နယ်နေ ပြည်သူများ အနေဖြင့် ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် တတ်နိုင်သမျှ မိမိနေအိမ်တွင်သာ နေထိုင်ကြရန်၊ မဖြစ်မနေ နေအိမ်အပြင်သို့ ထွက်ခွာပါက နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်ပြီးမှသာ ထွက်ခွာရန်၊ လူစုလူဝေး မပြုလုပ်ကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာက ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များ၊ ရှမ်းပြည်နယ် အစိုးရမှ ထုတ်ပြန်ထားသည့် ပြည်သူများသို့ ပန်ကြားချက်များ၊ COVID-19 ရောဂါနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်တို့ကိုလည်း မြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ရပ်ကွက်များအတွင်း လှည့်လည်နှိုးဆော်လျက်ရှိသည်ဟု သိရသည်။

.

ဟိုပုံးမြို့နယ်အတွင်း  ရပ်ကွက် ၆ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၂ အုပ်စု တည်ရှိပြီး မြို့နယ်အတွင်းရှိ လူဦးရေ စုစုပေါင်း ၁ သိန်းကျော် နေထိုင်ကြောင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ဒေသဆိုင်ရာအချက်အလက်များအရ သိရသည်။

.

Journal Download

Photo of three cats