COVID-19 လူနာ ၄ ဦး ရှိလာသည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသ၌ ကျန်းမာ​ရေး လမ်းညွှန်ချက်များအတိုင်း အရှိန်အဟုန်မြှင့် လုပ်​ဆောင်ရန် ညွှန်ကြားထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 လူနာ ၄ ဦး ရှိလာသည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသ၌ ကျန်းမာ​ရေး လမ်းညွှန်ချက်များအတိုင်း အရှိန်အဟုန်မြှင့် လုပ်​ဆောင်ရန် ညွှန်ကြားထား

ကမ္ဘောဇတိုင်း

.

CIVUD-19 အတည်ပြုလူနာ ၄ ဦး ရှိလာသည့်အတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ကျန်းမာရေး လမ်းညွှန်ချက်များအတိုင်း အရှိန်အဟုန်မြှင့် လုပ်ဆောင်ကြရန် ညွှန်ကြားထားသည်ဟု ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ ဦးစီးအဖွဲ့ ထံက သိရသည်။

.

.

“ပြည်သူလူထုတွေကို အသိပေးလှုံ့ဆော်တာတွေ လုပ်တယ်။ လူစုစည်းတဲ့နေရာတွေကို တတ်နိုင်သမျှ လျှော့ချဖို့၊ Mask တွေ တပ်ဖို့၊ ခပ်ခွာခွာနေဖို့၊ ပြင်ပက လာတဲ့သူတွေကို Quarantine ဝင်ခိုင်းဖို့ သက်ဆိုင်ရာတွေကို ညွှန်ကြား ထားပြီးဖြစ်ပါတယ်။ အဓိက ရောဂါတွေ့တာကတော့ ရန်ကုန်က ဖြစ်ဖို့ များပါတယ်။ ဒီမှာ ရှိတဲ့သူတွေကိုတော့ သူတို့ရဲ့ မိသားစု အသိုင်းအဝိုင်းကို SWAB ယူပါတယ်။ ပင်လောင်းကတော့ အောင်ပန်း ကုတင် ၇၀၀ မှာ ဆက်ပြီး စိစစ်မယ်” ဟု ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ထို့အပြင် ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာရှိ COVID-19 ရောဂါ အတည်ပြုလူနာနှင့် ထိတွေ့ဖူးသူများ ကိုလည်း ဆက်လက်စုံစမ်းလျက်ရှိပြီး အသိပညာပေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းနှင့် ဒေသခံများ၏ စားဝတ် နေရေး ပြေလည်စေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

[သတင်းဖြည့်စွက်ချက်]

.

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာတွင် COVID-19 ပိုးတွေ့လူနာ ၃ ဦး၊ ပင်လောင်းမြို့နယ်တွင် ၁ ဦး (တပ်မတော်သား)၊ စုစုပေါင်း ၄ ဦး တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ယင်းတို့အနက် ဆိုက်ခေါင်ကျေးရွာမှ လူနာအမှတ်(၂၄၅)သည် ဇွန်လ ၂၈ ရက်တွင် ဆေးရုံမှ ဆင်းခွင့် ရရှိပြီ ဖြစ်ကာ ကျန် ဆိုက်ခေါင်မှ လူနာ ၂ ဦးသည် တောင်ကြီး စဝ်စံထွန်းဆေးရုံတွင် လည်းကောင်း၊ တပ်မတော်သား လူနာသည် အောင်ပန်းမြို့ တပ်မတော် ဆေးရုံတွင်လည်းကောင်း ဆေးကုသမှု ခံယူနေလျက် ရှိကြောင်း သိရသည်။

 

Journal Download

Photo of three cats