ကမ္ဘောဇတိုင်း
.
ဒုတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် အကြိမ် (၂၀) မြောက်
ပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့ စက်တင်ဘာလ ၂ ရက် နံနက်ပိုင်းက တောင်ကြီးမြို့၊
ရှမ်းပြည်နယ်လွှတ်တော် အဆောက်အအုံတွင် ကျင်းပလျက်ရှိရာ အစည်းအဝေး တွင် ၂၀၂၀-၂-၂၁
ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ ဒေသန္တရစီမံကိန်းဥပဒေ မူကမ်းနှင့်
ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ မူကမ်းတို့ကို ရှမ်းပြည်နယ်အစိုးရမှ
တင်သွင်းသွားမည်ဖြစ်ကြောင်း သိရ၉သည်။
.
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်သို့ တက်ရောက်ခွင့်ရှိသော
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၃၉ ဦး ရှိသည့်အနက် ယနေ့ အကြိမ် (၂၀)
မြောက်ပုံမှန်အစည်းအဝေးတွက် လွှတ်တော်ကိုယ်စားလှယ် ၁၁၉ ဦး တက်ရောက်ခဲ့ပြီး
ခွင့်ပန်ကြားသူ ၂၀ ဦး ရှိကာ ရာခိုင်နှုန်းအားဖြင့် ၈၅ ဒသမ ၆၁ ရာခိုင်နှုန်း
တက်ရောက်ဆွေးနွေး လျက်ရှိကြောင်း သိရသည်။
အစည်းအဝေးတွင် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ
ဦးစိုင်းလုံးဆိုင်မှ နှုတ်ခွတ်းဆက်စကား ပြောကြားခြင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်
ဒေါက်တာလင်းထွဋ်က လွှတ်တော်သို့ မိန့်ခွန်းပြောကြားခြင်း၊ ပြည်နယ်လွှတ်တော်
ကိုယ်စားလှယ် ၈ ဦးမှ ကြယ်ပွင့်ပြမေးခွန်း ၁၂ ခုမေးမြန်းခြင်းနှင့် သက်ဆိုင်ရာ
ပြည်နယ်အဆင့် အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များက ပြန်လည်ဖြေကြားခြင်း၊
ရှမ်းပြည်နယ်အဆင့် အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များဖြစ်သည့် ရှမ်းပြည်နယ် တရားလွှတ်တော်
တရားသူကြီး ၂ ဦး၏ အမည်စာရင်းအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ အမည်စာရင်း
တင်သွင်းခြင်း နှင့် လွှတ်တော်၏ သဘောထား ရယူခြင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂
ဦးမှ အဆို ၂ ခု တင်သွင်းခြင်း တို့ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် သက်တမ်းအတွင်း
ပုံမှန်အစည်းအဝေး ၁၉ ကြိမ်၊ အရေးပေါ်အစည်းအဝေး ၄ ကြိမ်နှင့် အထူးအစည်းအဝေး ၂
ကြိမ်၊ စုစုပေါင်း လွှတ်တော်အစည်းအဝေး ၂၅ ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကာ ယခု
ကျင်းပလျက်ရှိသည့် အစည်းအဝေးမှာ ၂၆ ကြိမ်မြောက် အစည်းအဝေးဖြစ်ကြောင်း သိရသည်။
.