ကိုစိုး (ကမ္ဘောဇတိုင်း)
.
တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေသော
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာမှ COVID-19 ပိုးတွေ့အတည်ပြုလူနာ ၂ ဦးရောဂါမှ ပြန်လည်သက်သာလာသဖြင့် ယနေ့ စက်တင်ဘာလ ၂၉ ရက်၊
နံနက်ပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ကြောင်း သိရသည်။
.
.
“ဆီဆိုင်က သားအဖ ၂ ဦး ဆေးရုံဆင်းခွင့် ရပါပြီ။ ပြည်နယ် ပြည်သူ့ကျန်းမာဘက်က
ပြောတာကတော့ သူတို့က ဆိုက်ခေါင်ဆေးရုံမှာ ၁ ပတ် ဆက်ထားမယ်လို့ ပြောပါတယ်” ဟု တောင်ကြီးမြို့၊
စဝ်စံထွန်းဆေးရုံမှ ဒေါက်တာ ဝေဝေမွန်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါလူနာ ၂ ဦးမှာ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာမှ
လူနာအမှတ်(၃၄၁၃) ဖြစ်သည့် အသက် ၅၃ နှစ်အရွယ် အမျိုးသားနှင့် လူနာအမှတ်(၄၂၉၉)
ဖြစ်သည့် အသက် ၁၃ နှစ်အရွယ် အမျိုးသားတို့ ဖြစ်ကြောင်း သိရသည်။
.
လက်ရှိ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံကြီးတွင် COVID-19 ရောဂါ အတည်ပြုလူနာ
၃ ဦး ကျန်ရှိနေပြီး ၎င်းတို့မှာ တောင်ကြီးမြို့နယ်မှ အမျိုးသား တစ်ဦး၊ အမျိုးသမီး
တစ်ဦးနှင့် ပင်လောင်းမြို့နယ်မှ အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။
.