ဆီဆိုင်မြို့နယ်၊ ဘန့်ဗွီးကျေးရွာအုပ်စု၊ နား‌စေးဆောက်-နောင်တဗန်-လွယ်မန်းကျေးရွာချင်းဆက်လမ်းပေါ်ရှိ ချောင်းကူးတံတား တည်ဆောက်ပေးရန် ဒေသခံများ လိုလား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဆီဆိုင်မြို့နယ်၊ ဘန့်ဗွီးကျေးရွာအုပ်စု၊ နား‌စေးဆောက်-နောင်တဗန်-လွယ်မန်းကျေးရွာချင်းဆက်လမ်းပေါ်ရှိ ချောင်းကူးတံတား တည်ဆောက်ပေးရန် ဒေသခံများ လိုလား

ခွန်ရဲထွေး (ဆီဆိုင်(

.

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဘန့်ဗွီး ကျေးရွာအုပ်စုအတွင်းရှိ နားစေးဆောက်ကျေးရွာ-နောင်တဗန်ကျေးရွာ-လွယ်မန်းကျေးရွာချင်းဆက် လမ်းပေါ်ရှိ ချောင်းကူးတံတားမရှိတဲ့အတွက် မိုးရာသီတွင် ဒေသခံပြည်သူများ ဖြတ်သန်းသွားလာ ရာတွင် အခက်အခဲများဖြစ်ပေါ်နေသဖြင့် ချောင်းကူးတံတား တည်ဆောက် ပေးရန် လိုလားလျက်ရှိကြောင်း ဒေသခံများထံက သိရသည်။

.

.

တံတားကမရှိတော့ နွေရာသီဆိုသွားလာရတာ အဆင်ပြေပေမဲ့ ကုန် ထွက်ချိန်ဖြစ်တဲ့ မိုးရာသီဆို သွားလာ ရတာ အင်မတန်ခက်ခဲတယ်။ မိုးကြီးရင် ကားဖြတ်လို့မရဘူး ကားထားခဲ့ပြီး လူက လမ်းလျှောက်ပြန်ရတယ်။ ဒီလမ်းက ကုန်ထုတ်လမ်းလည်း ဖြစ်တော့ ကျေးရွာပြည်သူများ အဓိကဖြတ်သန်းသွားလာနေရတဲ့အတွက် သက်ဆိုင်ရာတာဝန် ရှိသူတွေ အနေနဲ့ ရေရှည်အသုံးပြု နိုင်တဲ့ ကွန်ကရစ်တံတားတစ်စင်း ဆောက်လုပ်ပေးစေချင်တယ်” ဟု ဘန့်ဗွီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်အောင်က ပြောသည်။

.

ယင်းလမ်းသည် ဒေသခံများ၏ ခြံထွက်သီးနှံများကို ဆီဆိုင်ဈေးနှင့် ဆိုက်ခေါင်ဈေးများတွင် သွားရောက် ရောင်းချသည့် ကုန်ထုတ်လမ်းဖြစ်ပြီး တံတား မရှိပါက အခက်အခဲ ရှိနိုင်ကြောင်းနှင့် လက်ရှိ တံတားမှာ ဝါးဖြင့် ပြုလုပ် ထားသည့်အတွက် လူသာသွားနိုင်ပြီး ဆိုင်ကယ်နှင့် ကားများ သွားလာ၍ မရနိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့ သည်။

.

အဆိုပါကျေးရွာချင်းဆက်လမ်းပေါ်ရှိ ချောင်းဘယ်ချောင်းသည် အရှည် ၄၈ ပေခန့်ရှိပြီး နားစေးဆောက် ကျေးရွာတွင် အိမ်ခြေ ၂၇၀၊ လူဦးရေ ၁၁၅၁၊ နောင်တဗန်ကျေးရွာတွင် အိမ်ခြေ ၂၁၅၊ လူဦးရေ ၉၀၀၊ လွယ်မန်းကျေးရွာ တွင် အိမ်ခြေ ၂၅၁၊ လူဦးရေ ၁၁၀၅ ဦး၊ စုစုပေါင်း အိမ်ခြေ ၇၃၆ ခန့်၊ လူဦးရေ ၃၁၅၆ ဦးခန့်တို့မှ ဒေသခံပြည်သူများ ကျန်းမာရေး၊ ပညာရေး၊ လူမူရေးနှင့် စီးပွားရေး အစရှိသဖြင့် ဆောင်ရွက်ရန်အဓိကသွားလာနေရသည့် ကျေးရွာ ၃ ရွာ ချင်း ဆက်ထားသော အဆိုပါ ချောင်းဘယ်ချောင်းကို အသုံးပြုပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အဓိကအားထားနေရသည်ဖြစ်ရာ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် တံတားတစ်စင်း အမြန်ဆုံး တည်ဆောက်ပေးစေလိုကြောင်း ဒေသခံပြည်သူများထံက သိရသည်။

.

Journal Download

Photo of three cats