.
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
နမ့်ဆန်မြို့၊ မင်္ဂလာရပ်ကွက်၊ စက်တင်ဘာလ ၁၅ ရက်၊
နေ့လယ်ပိုင်းက အမျိုးသား တစ်ဦး သေနတ်ဖြင့် အပစ်ခံရ၍ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
.
နမ့်ဆန်မြို၊
မင်္ဂလာရပ်ကွက်၊ အောင်ဆန်းလမ်းရှိ ကွမ်းယာဆိုင်၌ ငွန်ဆိုင်ကျေးရွာနေ
မောင်ခိုင်ဝင်း၊ မန်ခိုက်ရပ်ကွက်နေ အညီး၊ တောင်ကျော်ကျေးရွာနေ အမိုး၊ ဘုရားကြီးရပ်ကွက်နေ အိုက်ဦးတို့ ၄ ဦးသည် လက်တောက်ခုံတွင် ကစားနေစဉ် အမည်မသိ အမျိုးသား ၂
ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး အသင့် ပါရှိလာသည့်
သေနတ်ဖြင့် ၅ ချက် ပစ်ခတ်ခြင်းကြောင့် အသက် ၂၉ နှစ်အရွယ် ကိုခိုင်ဝင်း၏
ဝဲဘက်ရင်ညွန့်၊ ဝမ်းဗိုက်၊ ပေါင်နှင့် ခြေသလုံးတို့တွင် ထိမှန် ဒဏ်ရာများ ရရှိခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
.
“ သေနတ်ပစ်ခံရမှု ဖြစ်တာ မှန်ပါတယ်။” ဟု
နမ့်ဆန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ရှမ်းပြည်နယ်လွှတ်တော်
ကိုယ်စားလှယ် ဦးဝင်းကျော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ သေနတ်ပစ်ခတ်မှုကြောင့်
တစ်ဦးသာ ဒဏ်ရာ ရရှိ၍ ကျန်သူများမှာ ထိခိုက်မှု မရှိဘဲ ဒဏ်ရာ ရရှိသူအား ကြက်ခြေနီအသင်းမှ
မော်တော်ယာဉ်ဖြင့် နမ့်ဆန်ဆေးရုံမှ တဆင့် လားရှိုးဆေးရုံသို့ ပို့ဆောင်၍ ဆေးကုမှု
ပေးနေကြောင်း ဌာနဆိုင်ရာ တာဝန်ရှိသူများထံမှ သိရသည်။