မင်းဇော်မင်း
.
တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ပုံလို့လမ်း၌ သြဂုတ်လ ၃၁ ရက် ၊ ည ၇ နာရီကျော်ခန့်က Were Wolf 99 Security Service ကုမ္ပဏီဝန်ထမ်း တစ်ဦးသည် လုံခြုံရေးတာဝန် ထမ်းဆောင်နေစဥ် အမည်မသိ သေနတ်သမားတစ်ဦး၏ သေနတ်ဖြင့် ပစ်ခတ်မှုကို ခံရပြီး သေဆုံးသွားကြောင်း သိရသည်။
.
တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ပုံလို့လမ်း၊ အမှတ်(၂/၆) ရှိ နေအိမ်ခြံဝန်းတွင် Were Wolf 99 Security Service ကုမ္ပဏီမှ လုံခြံရေးဝန်ထမ်း ကိုသုတမိုး၊ ၁၉ နှစ်သည် လုံခြုံရေး တာဝန်ထမ်းဆောင်နေစဉ် အမည်မသိ လူတစ်ဦးက သေနတ်ဖြင့် ပစ်ခဲ့ခြင်းကြောင့် ကိုသုတမိုး၏ ၀ဲဘက် ရင်အုံမှ နောက်ကျောဘက်သို့ ဖောက်ထွက်ဒဏ်ရာ ရရှိကာ တာချီလိတ်နာရေးကူညီမှုအသင်းမှ တာချီလိတ်ဆေး ရုံသို့ ပို့ဆောင်ပေးခဲ့ပြီးနောက် လူနာမှာ ရရှိသည့် ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ သေဆုံးသူ ကိုသုတမိုးမှာ လုံခြုံရေးတာဝန်အား လွန်ခဲ့သည့် ၂ လခန့်က လစာငွေ တစ်လလျှင် ငွေကျပ် ၂ သိန်းဖြင့် လုပ်ကိုင်နေခြင်း ဖြစ်ပြီး သေဆုံးမှုနှင့် ပတ်သက်၍ တာချီလိတ် မြို့မရဲစခန်းမှ (ပ) ၃၁၈/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။
.
[ဓါတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း]

Home
တာချီလိတ်
မှုခင်း
ရှမ်းရှေ့သတင်းများ
တာချီလိတ်တွင် လုံခြုံရေးကုမ္ပဏီမှ ဝန်ထမ်း တစ်ဦး သေနတ်ပစ်ခံရသဖြင့် သေဆုံး
တာချီလိတ်တွင် လုံခြုံရေးကုမ္ပဏီမှ ဝန်ထမ်း တစ်ဦး သေနတ်ပစ်ခံရသဖြင့် သေဆုံး
Tags
# တာချီလိတ်
# မှုခင်း
# ရှမ်းရှေ့သတင်းများ
Share This
About Unknown
ရှမ်းရှေ့သတင်းများ
Tags
တာချီလိတ်,
မှုခင်း,
ရှမ်းရှေ့သတင်းများ