.
တောင်ကြီးမြို့နယ်ရှိ
တောင်ကြီး တက္ကသိုလ် အမျိုးသမီးအဆောင်၌ ဖွင့်လှစ်ထားသော Quarantine Center နှင့် တောင်လေးလုံးကျေးရွာ ကျန်းမာရေး စစ်ဆေးရေးဂိတ်များတွင်
COVID-19 ကာကွယ် ထိန်းချုပ်ရေးအတွက် လိုအပ်သော ရောဂါကာကွယ်ရေးသုံး ပစ္စည်းများ၊
ရိက္ခာများနှင့် ထောက်ပံ့ငွေများကို ရှမ်းပြည်နယ်အစိုးရက စက်တင်ဘာလ ၄ ရက်တွင်
သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်ဝန်ကြီးချုပ်
ဒေါက်တာ လင်းထွဋ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ဌာနဆိုင်ရာ
တာဝန်ရှိသူများနှင့်အတူ တောင်ကြီးတက္ကသိုလ်ရှိ Quarantine
Center အတွက် Mask ၁၀၀၀ ခု၊ Apron ၄၀ ခု၊ လက်အိတ်
၁၀၀ စုံ၊ Handgel ၂၀ ဘူး၊ ခေါက်ဆွဲခြောက်၊ ကြက်ဥ၊ ရေသန့်နှင့်
ငွေကျပ် ၅ သိန်းကို လည်းကောင်း၊ တောင်လေးလုံး ကျေးရွာတွင် ဖွင့်လှစ်ထားသော COVID-19
ရောဂါ ကာကွယ်တားဆီးရေး စစ်ဆေးရေးဂိတ်အတွက် mask ၅၀၀၀ ခု၊ လက်အိတ် ၁၀ ဘူး၊ Face Shield ၂၀ ခု၊ Cap
၅၀၀ ခု၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ အိပ်ရာခင်း ၁၀ စုံ၊ mobile
Toilet ၂ ခု၊ တဲ ၂ ခု၊ ခေါက်ကုတင် ၁၀ ခု၊ ခေါက်ဆွဲခြောက်၊ ကြက်ဥ၊ ရေသန့်နှင့်
ငွေကျပ် ၁၀သိန်း တို့ကို သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ
ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် တောင်လေးလုံးကျေးရွာ၌ အမာခံ စစ်ဆေးရေးဂိတ်
တည်ဆောက်မည့် နေရာအား ကြည့်ရှုစစ်ဆေးမှုများ ပြုလုပ်ခဲ့ကာ တောင်ကြီးမြို့နယ်
အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က ရှင်းလင်းတင်ပြမှုများ ပြုလုပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က
လိုအပ်သည်များအား လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
.
ထို့အပြင်
ကလောမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကလောမြို့နယ်၊ ပင်လောင်းမြို့နယ်၊
ရွာငံမြို့နယ်ရှိ COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးအဖြစ်
ဖွင့်လှစ်ထားသည့် မြို့ဝင်၊ မြို့ထွက် ဂိတ်များအတွက် လိုအပ်သော ငွေကျပ် ၁၀ သိန်းစီနှင့်
စားနပ်ရိက္ခာများ၊ ကာကွယ်ရေးသုံး ပစ္စည်းများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့က
ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။
.
#KBZTai #Shan
#News #MgMgThan
.