တောင်ကြီးရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်များမှ ဝန်ထမ်းများ၏ စားသောက်ရေးကို ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီက လှူဒါန်းမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်များမှ ဝန်ထမ်းများ၏ စားသောက်ရေးကို ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီက လှူဒါန်းမည်


တောင်ကြီးမြို့နယ်ရှိ COVID-19 ရောဂါ ကာကွယ်တားဆီးရေး စစ်ဆေးရေးဂိတ်များ၌ တာဝန် ထမ်းဆောင်လျက်ရှိသည့် စေတနာ့ဝန်ထမ်းများနှင့် အစိုးရဝန်ထမ်းများ၏ စားသောက်ရေးကို ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီက ထောက်ပံ့လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။
.
“ စားရေးသောက်ရေး အကုန် တာဝန် ယူမယ်ဗျ၊ ဂိတ်မှာ တာဝန်ကျနေတဲ့သူ အကုန်လုံးရဲ့ စားရေးသောက်ရေးကို တာဝန်ယူ သွားမှာပါ။ နောက်ပြီး Mask ရယ်၊ လက်အိတ်ရယ်၊ လက်ဆေးရည်ရယ် တခြား လိုအပ်တာတွေကို ထောက်ပံ့ပါမယ်။” ဟု ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီ ဒုဥက္ကဌ(၂) ဦးသူရစောသိန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

တောင်ကြီးမြို့နယ်တွင် COVID-19 ရောဂါ ကာကွယ်တားဆီးရေး စစ်ဆေးရေးဂိတ်အဖြစ် တောင်လေးလုံးကျေးရွာနှင့် တောင်ကြီး-ဟိုပုံးလမ်းမပေါ်ရှိ တိုးဂိတ်အနီးတို့တွင် ဖွင့်လှစ်ထားရှိပြီး ယင်းဂိတ်များ၌ တာဝန်ထမ်းဆောင်နေသည့် စေတနာ့ဝန်ထမ်း၊ အစိုးရဝန်ထမ်း စုစုပေါင်း ၅၀ ဦး ရှိကာ စားသောက်စရိတ်အဖြစ် တစ်ဦးလျှင် ၄၀၀၀ ကျပ်စီ ထောက်ပံ့သွားမည် ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီတွင် နာယကများအဖြစ် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ကမ္ဘောဇအုပ်စု နာယက ဦးအောင်ကိုဝင်း၊ ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင်တို့က တာဝန်ယူထားပြီး ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများ၊ အသင်းအဖွဲ့ဝင်များဖြင့် ဖွဲ့စည်း၍ ကမ္ဘောဇဘဏ်နှင့် အခြားသော အလှူရှင်များစွာ၏ အလှူငွေများဖြင့် နိုင်ငံအဝှမ်း၌ ထောက်ပံ့မှုများကို ပြုလုပ်နေခြင်း ဖြစ်သည်။

Journal Download

Photo of three cats