မင်းမင်း
.
COVID-19 ကပ်ရောဂါ
ကူးစက် ဖြစ်ပွားမှု အခြေအနေများအရ နှစ်စဉ် ကျင်းပမြဲ ဖြစ်သော တောင်ကြီးမြို့ တော်
တန်ဆောင်တိုင်ပွဲတော် ရိုးရာ မီးပုံးပျံ ပြိုင်ပွဲကို ယခုနှစ်တွင် ကျင်း
ပနိုင်ခြင်း ရှိ/မရှိ ရှမ်းပြည်နယ် အစိုး ရမှ တရားဝင် ထုတ်ပြန်ထားခြင်း မ
ရှိသေးကြောင်း ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ် လူမှုရေးဝန်ကြီး
ဒေါက်တာမျိုးထွန်းက ပြောဆိုခဲ့ သည်။
.
.“တန်ဆောင်တိုင်
မီးပုံးပျံပြိုင်ပွဲ ဆိုတာ တောင်ကြီးမြို့ရဲ့ အထင်ကရ ရိုးရာပွဲတော်တစ်ခုဖြစ်တယ်။
ပွဲတော် ကျင်းပဖို့အတွက် လောလောဆယ်မှာ
ပြည်နယ်အစိုးရက ဦးဆောင်မလုပ် ပေးနိုင်သေးဘူး။ COVID-19 ရောဂါ ကို ထိန်းချုပ် သွားနိုင်တဲ့ အခြေအနေ
ရောက်သွားရင်တော့ ကျင်းပလို့ ရနိုင် တာပေါ့။ ပွဲတော်ရက် ကလည်း လို သေးတော့ ပြောရ
ခက်တယ်။ တန် ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ မလုပ်ဖြစ် တော့ဘူးလို့
တရားဝင်ကြေညာထုတ် ပြန်ထားတာ မရှိသေးပါဘူး”ဟု ပြည် နယ်ဝန်ကြီး ဒေါက်တာမျိုးထွန်းက
ပြောသည်။
.
လက်ရှိတွင် ရှမ်းပြည်နယ် တောင် ပိုင်း အင်းလေးဒေသ အတွင်း
ရှိ ဖောင်တော်ဦး မြတ်စွာဘုရား ဒေသ စာရီ ကြွချီ အပူဇော်ခံပွဲအား COVID- 19 ကူးစက်ရောဂါ
ဖြစ်ပွားနေဆဲကာ လာဖြစ်သည့်အတွက် ကျင်းပတော့ မည် မဟုတ်ကြောင်း ကြေညာချက်
ထုတ်ပြန်ခဲ့ပြီးနောက် တောင်ကြီးမြို့ ပေါ်ရှိ မီးဆရာများနှင့် မီးပုံးပျံဝါသနာ
ရှင်များ၊ ဒေသခံများမှ တန်ဆောင် တိုင်ရိုးရာ မီးပုံးပျံ ပြိုင်ပွဲအား ကျင်းပ
နိုင်ခြင်း ရှိ/မရှိကို ဝေဖန်ပြောဆိုနေ ကြခြင်း ဖြစ်သည်။
.
“ကိုယ့်ဒေသရဲ့
ကမ္ဘာကျော်ပွဲ တော်ဖြစ်တဲ့အတွက် နှစ်စဉ် ကျင်းပ လာတာတော့ ဟုတ်ပါတယ်။ ဒီတစ် နှစ်မှာ
ကူးစက်ရောဂါ ဖြစ်ပွားနေ တော့ မကျင်းပဘူး ဆိုလည်း ဘယ် တတ်နိုင်မလဲ။ အခု ကူးစက်ရောဂါ
ဒုတိယလှိုင်း ကာလ ရောက်နေတော့ ကူးစက်မှုက ပိုမြန်တယ်ဆိုတော့ အဲ ဒါကိုလည်း
ထည့်စဉ်းစားမှ ရမယ်။ ရိုးရာမလို့ မဖြစ်မနေ လုပ်ရမယ်လို့ ပြောလို့ မရဘူး။
အကုန်ဒုက္ခ ရောက် ကုန်မှာပေါ့။ ဒီနှစ် မလုပ်ဖြစ်လည်း နောက်နှစ် လုပ်လို့ရပါတယ်”ဟု
တောင်ကြီး ဒေသခံတစ်ဦးက ၎င်း၏ အမြင်ကို ပြောဆိုခဲ့သည်။
.
ထို့အတူ မီးပုံးပျံနှင့် ဆက်စပ် ပစ္စည်းများ၊ ယမ်း
ပစ္စည်းများ ရောင်း ချသူ တစ်ဦးကလည်း “ပုံမှန်ဆိုရင် ဒီ အချိန်မှာ ယမ်းပစ္စည်းတွေ၊
မီးစာတိုင် တွေ၊ မီးပုံးပျံနဲ့ ပက်သတ်တဲ့ ပစ္စည်း တွေ ရောင်းနေရပြီ။ အခုနှစ်က COVID-19 ရောဂါ ဖြစ်နေတယ်။
နောက်ပြီး အပြင်မှာကလည်း ပွဲမဖြစ် ဘူးဆိုပြီး ပြောနေကြတော့ လာဝယ် တဲ့သူကို
မရှိဘူး။ ညောင်ရွှေဘုရား ပွဲတောင် မဖြစ်ဘူးဆိုတော့ မီးပုံးပျံ လည်း မဖြစ်ဘူး
တွက်ထား ကြတာ လေ။ ဒါပေမဲ့ အတည်တော့ ဘယ် သူမှ ပြောနိုင်မှာ မဟုတ်သေးဘူး။
ရှမ်းပြည်နယ်မှာ ရောဂါ ဖြစ်ပွားမှု ကို စောင့်ကြည့်ရမယ်။ ပွဲတော် ကာ လကလည်း
လိုပါသေးတယ်”ဟု ပြောဆိုခဲ့သည်။
.
ယခင်နှစ်များက ပြိုင်ပွဲဝင် မီး ပုံးပျံအဖွဲ့များ အနေဖြင့်
သြဂုတ်လ အတွင်း၌ စတင်ကာ မီးပုံးပျံစတင် ပြုလုပ်လေ့ ရှိသော်လည်း ယခုနှစ် တွင် ပြိုင်ပွဲ ကျင်းပနိုင်မှု အခြေအနေ
မသိရသေးသဖြင့် ပြုလုပ်သူ အနည်း ငယ်သာ ရှိကြောင်း သိရသည်။
.