ခွန်သန်းအောင်
.
ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်၊
နယ်မြေ(၃)၊ စိန်ပန်းလမ်း၌ စက်တင်ဘာလ ၁၄ ရက်၊ နံနက် အစောပိုင်းတွင် လျှပ်စစ် မီတာဘောက်
ဝါယာကြိုး အပူ လွန်ကဲရာမှတဆင့် နေအိမ် တစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
.
အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်၊ နယ်မြေ(၃)၊ စိန်ပန်းလမ်းရှိ
အိမ်ရှင် ဦးဒီဗွီကန်ဝါလ်၏ တစ်ထပ်တိုက် နေအိမ်တွင် တပ်ဆင်ထားသည့် လျှပ်စစ်မီတာဘောက်
ဝါယာကြိုး အပူ လွန်ကဲရာမှတဆင့် နေအိမ်အား မီးကူးစက် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး မီးလောင်ကျွမ်းမှုအား
ဒေသခံ ပြည်သူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် တစ်စီးဖြင့်
မီးငြိမ်းသတ်ခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
.
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် လူနှင့် တိရစ္ဆာန်များ
ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ဘဲ လျှပ်စစ် ဝါယာကြိုးအား သေချာစွာ စစ်ဆေးခြင်း မရှိဘဲ
ပေါ့ဆစွာ သုံးစွဲခဲ့သဖြင့် အိမ်ရှင် ဦးဒီဗွီကန်ဝါလ်အား အောင်ပန်းနယ်မြေရဲစခန်းမှ (ပ)
၁၅၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
.
[သတင်း ဖြည့်စွက်ချက်]
.
ယင်းကဲ့သို့ လျှပ်စစ်မီတာဘောက် ဝါယာကြိုး အပူလွန်ကဲရာမှ တဆင့် မီးလောင်ကျွမ်းသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်မှာ မှားယွင်းနေပြီး အဆိုပါ နေအိမ်သည် လူ နေထိုင်ခြင်း မရှိသည့် အပြင် လျှပ်စစ် သုံးစွဲမှု မရှိဘဲ လျှပ်စစ်မိန်းအား ချထားကြောင်း၊ လျှပ်စစ်မီး သုံးစွဲမှု မရှိသဖြင့် မီးလောင်ကျွမ်းရန် မဖြစ်နိုင်ကြောင်းနှင့် အခြားအကြောင်း အမျိုးမျိုးကြောင့် လောင်ကျွမ်းခြင်းသာ ဖြစ်သည်ဟု အောင်ပန်းမြို့ လျှပ်စစ်အင်ဂျင်နီယာက ပြောဆိုခဲ့သည်။