လှုပ်လှုပ်ရှားရှား လူထုအားကစား Facebook Page တွင် “Physical Fitness Dance” ခေါင်းစဉ်ဖြင့် Challenge ပြိုင်ပွဲ ပြုလုပ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လှုပ်လှုပ်ရှားရှား လူထုအားကစား Facebook Page တွင် “Physical Fitness Dance” ခေါင်းစဉ်ဖြင့် Challenge ပြိုင်ပွဲ ပြုလုပ်မည်

ကမ္ဘောဇတိုင်း

.

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ လှုပ်လှုပ်ရှားရှားလူထုအားကစား Facebook Page တွင် “Physical Fitness Dance” ခေါင်းစဉ်ဖြင့် Challenge ပြိုင်ပွဲကို အောက်တိုဘာလ ၁၀ ရက်မှ ၁၅ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

.

ဓါတ်ပုံ - လှုပ်လှုပ်ရှားရှား လူထုအားကစား
.

COVID-19 ရောဂါ ကူးစက်ဖြစ်ပွားနေစဉ် ကာလအတွင်း Stay Home နေရသော နိုင်ငံသားအားလုံး ကျန်းမာကြံ့ခိုင်မှု ရှိစေရေး၊ ခန္ဓာကိုယ်ခုခံအားစနစ် ကောင်းမွန်စေရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရေး၊ အညောင်းမိခြင်း၊ အညောင်းထိုင်ခြင်း၊ မဖြစ်စေရန် ကာကွယ်ပြီး ခန္ဓာကိုယ်တွင်းရှိ ကြွက်သား/အရိုးများ သန်စွမ်းစေရန်၊ နှလုံး/အဆုတ် အားကောင်းစေရန်၊ သက်ကြီးရွယ်အို အရွယ်သို့ ရောက်ရှိချိန်၌ အရိုးပွရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်တို့အတွက် နေ့စဉ် အားကစားလှုပ်ရှားမှုများ ပြုလုပ်နိုင်ရန် ယင်းကဲ့သို့ ၃ မိနစ်ခန့် Phyicsal Fitness Dance Challenge ပြိုင်ပွဲ ပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။

.

ပြိုင်ပွဲဝင်များအနေဖြင့် သတ်မှတ်ကကွက်အတွက် နည်းပြများမှ တစ်ဦးချင်းအလိုက် Challenge ပြုလုပ်ထားသည့် Video အတိုင်း ကကွက်၊ တေးသီချင်း မပြောင်းလဲဘဲ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး စိတ်ကြိုက်ကွက်အတွက် နည်းပြမှ Challenge ပြုလုပ်ထားသည့် Video အတိုင်း ကကွက်များ မတူညီရန်၊ ဆန်းသစ်သော မိမိစိတ်ကြိုက် ကကွက်နှင့် သံစဉ်များဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ကာ ပြိုင်ပွဲဝင် အမျိုးသား/အမျိုးသမီး အားလုံး သင့်လျော်သည့် အားကစားဝတ်စုံဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

.

ထို့အပြင် ပြိုင်ပွဲစတင်ရန် Challenge ပြုလုပ်ချိန်၌ တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန များသို့ “လှုပ်လှုပ်ရှားရှား အားကစား” Facebook Page/Group တို့တွင် Tag တွဲ၍ စတင်ရမည်ဖြစ်ကာ ပါဝင်ယှဉ်ပြိုင် လိုသူများအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်/ခရိုင်/မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန များ၏ Facebook Page သို့လည်းကောင်း၊ ယင်းဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၏ Facebook Account သို့ လည်းကောင်း Tag တွဲ၍ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

.

ပြိုင်ပွဲဝင်လိုသူများအတွက် ကြိုတင်လေ့လာနိုင်ရန် Physical Fitness Dance အကနည်းပြများမှ ကြိုတင်ရိုက်ကူး ထားသည့် Group Physical Fitness Dance Video အား စက်တင်ဘာလ ၂၈ ရက်နှင့် အောက်တိုဘာလ ၁ ရက်တို့တွင် လှုပ်လှုပ်ရှားရှား လူထုအားကစား Facebook Group ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ တရားဝင် Facebook Account များကို Tag တွဲ၍သော်လည်းကောင်း၊ လှုပ်လှုပ်ရှားရှား လူထုအားကစား Facebook Page တွင် လည်းကောင်း ထုတ်လွှင့်ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

.

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မားစေရေး၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှုရှိစေရေးနှင့် ထူးချွန်ထက်မြက်သည့် အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် ရှေးရှုကာ ရေရှည်စီမံကိန်းများရေးဆွဲ၍ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး တိုးတက်လာသောခေတ်နှင့်အညီ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်/ ခရိုင် မြို့နယ်များအလိုက် လှုပ်ရှားဆောင်ရွက်လျက်ရှိသည့် လူထုအားကစားလှုပ်ရှားမှု မှတ်တမ်းများကို တိုက်ဆိုင်စစ်ဆေး၍ အတည်ပြုရွေးချယ်ပြီး တစ်နှစ်တာအတွင်း အားကစား လှုပ်ရှားမှု များဖြင့် စပ်လျဉ်း၍ နှစ်စဉ်နှစ်တိုင်း ဆုများချီးမြှင့်လျက်ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats