ဟိုပုံးမြို့တွင် နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဟိုပုံးမြို့တွင် နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွား

နန်းဝင်းရီ

.

ဟိုပုံးမြို့၊ မြို့ဦးကွက်သစ်၊ ပြည်ထောင်စုလမ်း၊ အမှတ်(မသ/၂)တွင် ယနေ့ (စက်တင်ဘာလ ၂၄ ရက်)၊ နေ့လယ်ပိုင်းက နေအိမ် တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.


 

“ နေ့လယ် ၁၂ နာရီ ၅၀ မှာ မီး စလောင်တာ ၁ နာရီမှာ မီးငြိမ်းတယ်။ မီးသတ်ယာဉ် ၃ စီးနဲ့ပါ။ ပစ္စည်းဆုံးရှုံးတဲ့ တန်ဖိုးတော့ မသိရသေးဘူး။ TV Safeguard အပူ လွန်ကဲပြီး လောင်တာပါ။” ဟု ဟိုပုံးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနန်းတင့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ယင်း နေအိမ် မီးလောင်မှုအား မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ၃ စီးဖြင့် မီးငြှိမ်းသတ်ပေးခဲ့ကြောင်း ဟိုပုံးမြို့နယ် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

.

အဆိုပါ မီးလောင်မှု အခြေအနေနှင့် ပတ်သက်၍ ဟိုပုံးမြို့မရဲစခန်းနှင့် ဟိုပုံးမြို့နယ် မီးသတ်ဦးစီးဌာနများသို့ ဆက်သွယ် မေးမြန်းရာတွင် အသေးစိတ် အချက်အလက်များ မသိရှိရသေးကြောင်းသာ ပြောဆိုခဲ့သည်။

.

Journal Download

Photo of three cats