ရှမ်းပြည်နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ထောင်ကျော် ဝင်ရောက် ယှဉ်ပြိုင်သွားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, September 9, 2020

ရှမ်းပြည်နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ထောင်ကျော် ဝင်ရောက် ယှဉ်ပြိုင်သွားမည်

၂၀၂၀ ပြည့်နှစ်နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် အတွင်း၌ တစ်သီးပုဂ္ဂလ  အပါအဝင် ပါတီ ၃၃ ခုမှ လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၀၁၂ ဦး ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
.

ရှမ်းပြည်နယ်အတွင်း၌ ရှမ်းပြည်နယ်လွတ်တော်အတွက် ၆၄၃ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၇၉ ဦးနှင့် ပြည်သူ့လွှတ်တော်အတွက် ၂၉၀ ဦး စုစုပေါင်း ၁၀၁၂ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်းနှင့် ယင်းအနက် ညီညွတ်သော ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ်လောင်း အများဆုံးဖြင့် ယှဉ်ပြိုင် အရွေးချယ်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About