ပြည်နယ်မဲများကလည်း အရေးကြီးပါသည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပြည်နယ်မဲများကလည်း အရေးကြီးပါသည်


ကမ္ဘောဇတိုင်း
.
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပပြု လုပ်သွားမည် ဖြစ်သည်။ ရွေးကောက်ပွဲ ကျင်းပရန် အချိန် နီးကပ်လာသည်နှင့်အမျှ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် လောင်းများကလည်း ပါတီ အလိုက် မူဝါဒ သဘောထားများအရ မဲဆွယ် စည်းရုံးမှုများကို လုပ်ဆောင်လာကြသည်။
.
.
ရှမ်းပြည်နယ်အတွင်းရှိ မဲဆန္ဒနယ် အသီးသီးတွင်လည်း နိုင်ငံရေး ပါတီပေါင်း ၃၂ ခုနှင့် တစ်သီးပုဂ္ဂလများမှ ကိုယ် စားလှယ်လောင်း ၁၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံသွားမည် ဖြစ်သည်ဟု သိရသည်။ ရွေးကောက်ပွဲတွင် ဝင်‌ရောက် ယှဉ်ပြိုင်မည့် ပါတီများမှ ကိုယ်စားလှယ်လောင်း စာရင်းကို ကြည့်ပါက ပြည်တွင်း အဓိက အင်အားကြီး ပါတီကြီး ၂ ခုဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့မှ မဲဆန္ဒ နယ် နေရာအားလုံးနီးပါးတွင် ပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်သလို ထူးခြားချက် တစ်ရပ်အနေဖြင့် ညီညွတ်သော ဒီမိုကရက် တစ်ပါတီ (UDP) ကလည်း ယင်း ပါတီကြီး ၂ ခုနှင့် အပြိုင် မဲဆန္ဒနယ် အားလုံးလိုလိုတွင် ဝင်ရောက်ယှဉ်ပြိုင်အရွေး ချယ်ခံသွားမည်ဖြစ်ပြီး ရှမ်းပြည်နယ်တွင် မဲဆန္ဒနယ် အများဆုံး ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီတစ်ခု ဖြစ်လာ သည်ကို တွေ့ရသည်။
.
ထိုသို့ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံရာတွင် ပါတီကြီးများကလည်း အစိုးရ အဖွဲ့နိုင်ရေးအတွက် ၎င်းတို့ ပါတီ ကြီးများကိုသာ မဲထည့်ကြရန် တိုက်တွန်းကြသလို တိုင်းရင်းသား နိုင်ငံရေးပါတီများကလည်း ၎င်းတို့ တိုင်းရင်းသား ဒေသ အကျိုးအတွက် တိုင်းရင်းသားများကသာ ဖန်တီးပေးနိုင်မည်ဟူသော ကြွေးကြော်သံဖြင့် မဲဆွယ်စည်းရုံးမှုများကို ပြုလုပ်လာကြသည်ကို တွေ့ရသည်။
.
ပါတီကြီး တစ်ခုတည်း ကြီးစိုးနေသော လွှတ်တော်နှင့် အစိုးရတို့က လုပ်ငန်း တာဝန်များ များပြားလှသည့် အား လျော်စွာ ဌာနေ တိုင်းရင်းသား အုပ်စုငယ်များ၏ အရေးကို ဆောင်ရွက်ပေးရာတွင် လိုအပ်ချက်များ ရှိနိုင်မည် ဖြစ်သ လို ပါတီစုံ ပါဝင်ဖွဲ့စည်းထားသည့် အစိုးရ၊ လွှတ်တော်များ အဖို့လည်း အရေးကြီးသည့် လုပ်ငန်းဆောင်တာများ ဆောင် ရွက်ရာတွင် အချိန်ယူ ညှိနှိုင်းရခြင်းများ၊ ရည်ရွက်ချက် မအောင်မြင်မှုများကိုလည်း ကြုံတွေ့လာရနိုင်သည်။
.
ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော်သက်တမ်းအတွင်း ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ရှမ်းအမျိုးသားနေ့ (ရှမ်းပြည်နယ်နေ့)အား ရှမ်းပြည်နယ် အတွင်းရှိ ဌာနဆိုင်ရာ ရုံးများ၏ တရားဝင် ရုံးပိတ်ရက် အ ဖြစ် သတ်မှတ်ပေးရန် လွှတ်တော်၌ အဆို တင်သွင်းခဲ့စဉ်က အောင်မြင်မှု မရရှိခဲ့သည့် သာဓက မျိုးကိုလည်း သတိပြုရ မည် ဖြစ်သည်။
.
အစိုးရအဖွဲ့ (တစ်နည်းအားဖြင့်) ပြည်ထောင်စု အစိုးရအဖွဲ့ ၊ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းဆောင်ရွက်နိုင် ရေး၊ အစိုးရ၏ လုပ်ငန်းစဉ်များ လွယ်ကူ ချောမွေ့စွာ ဆောင်ရွက်ပေးနိုင်ရေး အတွက် ပြည်သူ့ လွှတ်တော်နှင့် အမျိုး သားလွှတ်တော်၂ ရပ်ပေါင်း ပြည်ထောင်စု လွှတ်တော်က အရေးပါသလို မိမိတို့ ဌာနေတိုင်းရင်းသားများ အရေးကို ဆောင်ရွက်ပေးနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်မဲများက လွန်စွာမှ တန်ဖိုး ရှိပါသည်။
.
ပြည်ထောင်စု အဆင့်တွင် အမှန်တကယ် လုပ်ကိုင်နိုင်စွမ်း အင်အားရှိသည့် အစိုးရ တစ်ရပ် ဖွဲ့စည်းနိုင်ရေး ယင်း လွှတ်တော် ဆန္ဒမဲ လက်မှတ်များ၏ အခန်းကဏ္ဍသည် အရေးပါသလို တိုင်းရင်းသား ဒေသများတွင် ဒေသအကျိုး အမှန်တကယ် သယ်ပိုးထမ်းရွက်ပေးနိုင်မည့် ဒေသကိုယ်စားပြု လူထုကိုယ်စားလှယ် အစစ်အမှန်များ အားကောင်း  လာစေရေးမှာလည်း အ‌ရေးပါလှပါသည်။ ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်မဲများက နိုင်ငံအတွက် အရေးကြီးသလို ပြည်နယ်မဲများကလည်း ဒေသအတွက် အရေးကြီးလှပါသည်။ မဲဆန္ဒရှင် ပြည်သူများအဖို့ တန်ဖိုးရှိပြီး အရေးပါလှသော ဆန္ဒမဲများကို နိုင်ငံ့အကျိုး၊ ဒေသအကျိုးအတွက် အမှန်တကယ် ဆောင်ရွက်ပေးနိုင်မည့် ကိုယ်စားလှယ်များအား ရွေး ချယ် မဲပေးနိုင်ပါစေကြောင်း ဆန္ဒပြုလိုက်ရပါသည်။
.

Journal Download

Photo of three cats