ဟိုမိန်းမြို့၊ သောက်သုံးရေဖူလုံရေး စိမ့်စမ်းရေသွယ်တန်းခြင်းနှင့် ရေစုကန် တည်ဆောက်ခြင်းလုပ်ငန်းများ ပြီးစီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဟိုမိန်းမြို့၊ သောက်သုံးရေဖူလုံရေး စိမ့်စမ်းရေသွယ်တန်းခြင်းနှင့် ရေစုကန် တည်ဆောက်ခြင်းလုပ်ငန်းများ ပြီးစီး


ငြိမ်းသူ
.
လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ ဟိုမိန်းမြို့ သောက်သုံးရေဖူလုံရေး စိမ့်စမ်းရေ သွယ်တန်းခြင်းနှင့် ရေစုကန် တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
.
.
ဟိုမိန်းမြို့၌ သောက်သုံးရေ ဖူလုံရေးအတွက် အရှည် ၇ မိုင် ၅ ဖာလုံရှိ စိမ့်စမ်းရေ သွယ်ယူခြင်းလုပ်ငန်း၊ ရေဂါလံ ၄၀၀၀၀ ဆံ့ ရေစုကန်တစ်ကန်၊ ဂါလံ ၂၀၀၀၀ ဆံ့ ရေစုကန် တစ်ကန်၊ ဂါလံ ၁၀၀၀၀ ဆံ့ ရေစုကန် ၂ ကန် တည်ဆောက်ခြင်းလုပ်ငန်းများကို ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၁၇၉ ဒသမ ၄၅ သန်းဖြင့် စိုက်ဖေ့ကမ္ပဏီမှ တာဝန်ယူဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
.
အဆိုပါ သောက်သုံးရေ သွယ်ယူခြင်းနှင့် ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသဖြင့် ဟိုမိန်းမြို့ရှိ အိမ်ခြေ ၇၉၃ အိမ်မှ လူဦးရေ ၃၅၅၄ ဦးတို့၏ သောက်သုံးရေဖူလုံစေရေးအတွက် အကျိုးပြုစေမည်ဖြစ်ကြောင်း သိရသည်။
.
အဆိုပါစိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်းများကို ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးညွန့်ဝင်း၊ လင်းခေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ငွေ တို့က စက်တင်ဘာလ ၃ ရက်၊ ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ရာ ကုမ္ပဏီမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ပြီး လုပ်ငန်းရေရှည် တည်တံ့ခိုင်မြဲစေရေး စနစ်တကျလုပ်ဆောင် သွားကြရန်နှင့် စိမ့်စမ်းရေထွက်နေရာများ အားရေရှည်အသုံးပြုနိုင်စေရေး အရိပ်ရ သစ်ပင်များစိုက်ပျိုးသွားကြရန် ပြည်နယ်ဦးစီးမှူး ကဆွေးနွေးမှာကြားခဲ့ ကြောင်းသိရသည်။
.

Journal Download

Photo of three cats