.
မြန်မာနိုင်ငံတွင် ယနေ့ နံနက်ပိုင်းအထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၈၅၁၅ ဦး တွေ့ရှိပြီး ယင်းအနက် ပြန်လည်သက်သာ၍ ဆေးရုံဆင်းခွင့် ရရှိသူ ၂၃၈၁ ရှိကာ ၁၇၂ ဦးမှာ သေဆုံးခဲ့ရခြင်း ဖြစ်သည်။
.
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ ၂၃ ရက်က ထုတ်ပြန်ချက်ထားသည့် COVID-19 ရောဂါဖြစ်ပွားမှု ခြုံငုံသုံးသပ်မှု အခြေအနေ၌ ရှမ်းပြည်နယ်အတွင်း COVID-19 ပိုးတွေ့ အတည်ပြုလူနာ အဖြစ် ရှမ်းပြည်နယ်တောင်ပိုင်း၌ ၁၅ ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်း၌ ၃ ဦး၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၌ ၆ ဦး၊ စုစုပေါင်း ၂၄ ဦး ပါဝင်ကာ ယင်းအနက် တောင်ကြီးမြို့မှ လူအမှတ်(၆၉၁၆)ဖြစ်သည့် အသက် ၆၇ နှစ်အရွယ် အမျိုးသားမှာ စက်တင်ဘာလ ၂၀ ရက်တွင် ဆေးကုသမှု ခံယူနေစဉ် သေဆုံးခဲ့ရကြောင်း သိရသည်။
.