ရှမ်းပြည်နယ်အတွင်း၌ ည မထွက်ရအမိန့် ဖောက်ဖျက်သူ ၆၆ ဦးကို ဖမ်းဆီး အရေးယူထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်အတွင်း၌ ည မထွက်ရအမိန့် ဖောက်ဖျက်သူ ၆၆ ဦးကို ဖမ်းဆီး အရေးယူထား


ရှမ်းပြည်နယ်အတွင်း၌ စက်တင်ဘာလ ၁ ရက်မှ ၆ ရက်အထိ ည မထွက်ရအမိန့် ဖောက်ဖျက်သူ ၆၆ ဦးကို ဖမ်းဆီး အရေးယူထားကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
.
“ အမှုပေါင်း ၅ မှု ရှိပါတယ်။ ကျူးလွန်သူက အမျိုးသား ၅၃ ဦး၊ အမျိုးသမီး ၁၃ ဦး၊ စုစုပေါင်း ၆၆ ဦး ရှိပါတယ်။ ကျွန်တော်တို့က သက်ဆိုင်ရာ မြို့နယ်တရားရုံးကို တရားစွဲတင်ပို့ပါတယ်။ တချို့ကလည်း ပြစ်ဒဏ် ကျပြီးပါပြီ။” ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယရဲမှူးကြီး ဝင်းသိန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

အဆိုပါ ည မထွက်ရ ဖောက်ဖျက်သည့် မြို့နယ်များမှာ တောင်ကြီးမြို့နယ်မှ ၁ မှုတွင် အမျိုးသား ၃ ဦး၊ လားရှိုးမြို့နယ်မှ ၁ မှုတွင် အမျိုးသား ၆ ဦး၊ မူဆယ်မြို့နယ်မှ ၂ မှုတွင် အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ၇ ဦး၊ ကျိုင်းတုံမြို့နယ်မှ ၁ မှုတွင် အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၆ ဦးတို့ ဖြစ်ကြောင်း သိရသည်။
.
ပြည်သူလူထုအနေဖြင့် တည်ဆဲဥပဒေ အပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာ ဆောင်ရွက်မည် ဆိုပါက တရားဥပဒေ စိုးမိုးနိုင်မည် ဖြစ်ကြောင်းနှင့် COVID-19 ရောဂါကို ကာကွယ်၊ ထိန်းချုပ်နိုင်ရန်အတွက် လျှို့ဝှက်စွာ နေထိုင်ကြသည့် သံသယရှိသူများ တွေ့ရှိပါက သက်ဆိုင်ရာသို့ သတင်းပေး ဆောင်ရွက်ရန်ကိုလည်း ဒုတိယရဲမှူးကြီး ဝင်းသိန်းက မေတ္တာရပ်ခံ‌ ပြောကြားခဲ့သည်။
.
ရှမ်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံ တစ်ဝန်းတွင် နေ့စဉ် ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ ည မထွက်ရအမိန့် ထုတ်ပြန်ထားခြင်း ဖြစ်ကာ ရှမ်းပြည်နယ်တွင် ယင်းအမိန့်အား ဩဂုတ်လ ၁၂ ရက်က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

Journal Download

Photo of three cats