ကလောမြို့နယ်၌ ည မထွက်ရအမိန့် ဖောက်ဖျက်သူများကို ထောင်ဒဏ် ၃ လစီ အမိန့် ချမှတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကလောမြို့နယ်၌ ည မထွက်ရအမိန့် ဖောက်ဖျက်သူများကို ထောင်ဒဏ် ၃ လစီ အမိန့် ချမှတ်


ခွန်သန်းအောင်
.
ကလောမြို့နယ်တွင် ညမထွက်ရ Curfew အမိန့် ဖောက်ဖျက်သူ ၂ ဦးကို ထောင်ဒဏ် ၃ လစီ ကျခံစေရန် ကလောမြို့နယ်တရားရုံးက စက်တင်ဘာလ ၈ ရက်တွင် အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။
.

အောင်ပန်းနယ်မြေရဲစခန်းမှ ပူးပေါင်းအဖွဲ့သည် သြဂုတ်လ ၈ ရက်က ညနက် ကင်းလှည့်ဆောင်ရွက်စဉ် နံနက်အစော ၂ နာရီခန့်၌ အောင်ပန်း-ပင်းတယ-ရွာငံသွား ကားလမ်းဆုံတွင် အောင်ပန်းမြို့၊ မြို့ဟောင်းရပ်ကွက်နေ အသက် ၂၉ နှစ်အရွယ် အမျိုးသား တစ်ဦးကို မသင်္ကာဖွယ် တွေ့ရှိရသဖြင့် စစ်ဆေးမေးမြန်းရာ အကျိုးအကြောင်း ဆီလျော်စွာ ပြောဆိုနိုင်ခြင်း မရှိသဖြင့် လည်းကောင်း၊ စက်တင်ဘာ ၆ ရက် ၊ နံနက် ၂ နာရီကျော်ခန့်တွင် ကလောမြို့၊ အမှတ်(၁)ရပ်ကွက် ပြည်ထောင်စု လမ်းပေါ်တွင် အရက်သေစာ သောက်စား မူးယစ် ရမ်းကားနေသူ တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်နေ အသက် ၃၇ နှစ်အရွယ် အမျိုးသား တစ်ဦးကို လည်းကောင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ အမျိုးသား ၂ ဦးကို ကလောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မင်းက ကလောမြို့နယ်တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့ခြင်း ဖြစ်ပြီး ကလောမြို့နယ်တရားရုံးမှ လက်ခံစစ်ဆေး ရာဇသတ်ကြီးပုဒ်မ ၁၈၈ (ဒုတိယပိုင်း) အရ အလုပ်ဖြင့် ထောင်ဒဏ် ၃ လ ကျခံစေရန် အမိန့်ချမှတ်ကာ ညောင်ရွှေအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats