ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကျန်မာရေးနှင့်
အားကစားဝန်ကြီးဌာနတို့၏ လမ်းညွှန်မှုဖြင့် COVID-19 ရောဂါ ကာကွယ်၊
ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ကမ္ဘောဇဘဏ်နှင့် ရွှေသံလွင်ကုမ္ပဏီ (Skynet)
တို့က ဦးဆောင်၍ ငွေကျပ်သိန်း ၁၀၀၀၀ ကနဦးမတည်ကာ ကုတင် ၆၅၀ ပါဝင်သည့်
အင်းယားလိတ်ကိုဗစ်စင်တာကို Yangon Convention Center (YCC) တွင်
တည်ဆောက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
.
COVID-19
ကူးစက်လူနာ ၆၅၀ ဦးအထိ လက်ခံကုသပေးမည့် အင်းယားလိတ်ကိုဗစ်စင်တာ
တည်ဆောက်ရေးအတွက် ငွေကျပ် သိန်း ၇၀၀၀ကို ကမ္ဘောဇဘဏ်က လည်းကောင်း၊ ငွေကျပ်
သိန်း ၃၀၀၀ ကို ရွှေသံလွင်ကုမ္ပဏီ (Skynet) မှလည်းကောင်း ကနဦး မတည်
လှူဒါန်းမည်ဖြစ်ကြောင်းသိရသည်။
.
ထို့အတူ Yangon Convention Center
ကုမ္ပဏီမှလည်း YCC ခန်းမအား အင်းယားလိတ် ကိုဗစ်စင်တာ
ဖွင့်လှစ်နိုင်ရေးအတွက် လှူဒါန်းထားကြောင်း သိရှိရသည်။
.
ယခုစင်တာကို ၁၀ ရက်အတွင်း ပြီးစီးနိုင်ရန် ဆေးဘက်ဆိုင်ရာ
ကျွမ်းကျင်ပညာရှင်များဖြင့် စနစ်တကျ စီမံချက် ရေးဆွဲကာ ဆောင်ရွက်လျက်
ရှိပြီး အရေးပေါ်လူနာများကို ကုသပေးနိုင်ရန်အတွက် High-Dependency Unit
ကုတင် ၁၀၀ ပါဝင်မည် ဖြစ်သည့်အပြင် လိုအပ်ပါက ကုတင် ၁၀၀၀ အထိ တိုးချဲသွားရန်
လျာထားကာ စင်တာတွင် လိုအပ်လာမည့် တစ်ကိုယ်ရည်သုံး ဆေးဝါးများနှင့်
အစားအသောက်များကိုပါ တစ်ပါတည်း စနစ်တကျ ပြင်ဆင်ထားကြောင်း သိရှိရသည်။
.
အင်းယားလိတ် ကိုဗစ်စင်တာကို ကနဦးမတည်၍ ဦးဆောင်လှူဒါန်းသော ကမ္ဘောဇဘဏ်သည်
COVID-19 ရောဂါ မြန်မာနိုင်ငံတွင် စတင် မတွေ့ရှိမှီ ဖေဖော်ဝါရီလမှ စတင်ကာ
စက်တင်ဘာလ ၂၉ ရက်နေ့အထိ ငွေကျပ် သိန်းပေါင်း ၇၃၇၃၆ သိန်း လှူဒါန်းထားပြီး
နိုင်ငံတော်နှင့် ပြည်သူအတွက် ယနေ့အချိန်ထိ လူမျိုးမရွေး၊ ဘာသာမရွေး၊
နေရာဒေသ မရွေး၊ ကဏ္ဍအသီးသီးတွင် အလှူငွေ စုစုပေါင်းငွေကျပ် ၁၇၀ ဘီလီယံကျော်
လှူဒါန်းခဲ့ပြီး ဆက်လက်၍လည်း လိုအပ်သည့်အချိန်၊ လိုအပ်သည့်နေရာ၊
လိုအပ်သည်များကို အချိန်နှင့် တစ်ပြေးညီ စဉ်ဆက်မပြတ် ပေးအပ်
လှူဒါန်းသွားရန် စီစဉ်ထားရှိကြောင်း သိရသည်။
.

Home
ကမ္ဘောဇအုပ်စု
ကမ္ဘောဇဘဏ်နှင့် ရွှေသံလွင် (Skynet) တို့က ငွေကျပ်သိန်း ၁၀၀၀၀ ကနဦး မတည်၍ အင်းယားလိတ်ကိုဗစ်စင်တာ တည်ဆောက်လှူဒါန်းမည်