COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြူလူနာ ၂၃ ဦး ထပ်တွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြူလူနာ ၂၃ ဦး ထပ်တွေ့

ကမ္ဘောဇတိုင်း

.

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ စက်တင်ဘာလ ၁၂ ရက်၊ နံနက် ၈ နာရီအချိန် ထုတ်ပြန်ချက်အရ COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၂၃ ဦး ထပ်မံတွေ့ရှိကြောင်း သိရသည်။

.

.

စက်တင်ဘာလ ၁၁ ရက်၊ ညနပိုင်းတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၉၈၁ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၉၄ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၂၈၃ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၁၆၃ ခု၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင် (၁,၀၀၀) ဓာတ်ခွဲနမူနာ ၁၂ ခု၊ ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ ၁၂ ခု၊ ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ ၂၉ ခု၊ ပြည်သူ့ဆေးရုံကြီး၊ မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ ၂၂ ခု၊ ပြည်သူ့ဆေးရုံကြီး၊ မြောင်းမြမြို့မှ ဓာတ်ခွဲနမူနာ ၁၂ ခု၊ ပြည်သူ့ဆေးရုံကြီး၊ ဘားအံမြို့မှ ဓာတ်ခွဲနမူနာ ၆ ခု၊ ပြည်သူ့ဆေးရုံကြီး၊ တောင်ငူမြို့မှ ဓာတ်ခွဲနမူနာ ၃ ခု၊ ပြည်သူ့ဆေးရုံကြီး၊ လွိုင်ကော်မြို့မှ ဓာတ်ခွဲနမူနာ ၃ ခု၊ ပြည်သူ့ဆေးရုံကြီး၊ ထားဝယ်မြို့မှ ဓာတ်ခွဲနမူနာ ၅ ခု၊ ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ ၄ ခု၊ ပြည်သူ့ဆေးရုံကြီး၊ မြဝတီမြို့မှ ဓာတ်ခွဲနမူနာ ၃ ခုနှင့် ပြည်သူ့ဆေးရုံကြီး၊ ဗန်းမော်မြို့မှ ဓာတ်ခွဲနမူနာ ၂ ခု၊ စုပေါင်း ဓာတ်ခွဲနမူနာ ၁,၃၄ ခုတို့အား ထပ်မံ စစ်ဆေးပြီးစီးခဲ့ရာ ရောဂါဓါတ်ခွဲ အတည်ပြုလူနာအသစ် ၂၃ ဦဂ” ထပ်မံတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။

.

သို့ဖြစ်၍ ယနေ့ စက်တင်ာဘလ ၁၂ ရက်၊ နံနက်ပိုင်းအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၂၄၄၅ ဦး ရှိပြီဖြစ်ပြီး အတည်ပြုလူနာများအနက် သေဆုံးသူ ၁၄ ဦး ရှိခဲ့ကြောင်း သိရသည်။

.

Journal Download

Photo of three cats