ကမ္ဘောဇတိုင်း
.
COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာအသစ် ၁၅၇ ဦး ထပ်မံတွေ့ရှိကြောင်း
ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ယနေ့ စက်တင်ဘာလ ၁၁ ရက်၊ ည ၈ နာရီအချိန် ထုတ်ပြန်ချက်အရ
သိရသည်။
.
.
စက်တင်ဘာလ ၁၁ ရက်အတွက် COVID-19 ရောဂါ ဓါတ်ခွဲစစ်ဆေးမှုများ အနေဖြင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန
(ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ ၁၀၂၀ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ ၃၁၈
ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန
(မန္တလေး) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ ၂၆၄ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန
(မော်လမြိုင်) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ ၁၅၅ ခုနှင့် အမှတ်(၁)
တပ်မတော်ဆေးရုံကြီး (ကုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ ၇၁၈ ခု၊ စုစုပေါင်း ၂၄၇၅ ခု အနက် ဓါတ်ခွဲအတည်ပြုလူနာအသစ်
၁၅၇ ဦး ထပ်မံတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ အတည်ပြုလူနာများ၏ အသေးစိတ်အချက်အလက်များအား ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ခြင်း မပြုဘဲ မတ်လ ၂၃ ရက်မှ ယနေ့ စက်တင်ဘာလ ၁၁ ရက်၊ ညပိုင်းအထိ
မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၂၄၂၂
ဦးရှိပြီ ဖြစ်ပြီး ယင်းတို့အနက် ၆၂၅ ဦး မှာ ဆေးရုံမှ ဆင်းခွင့်ရရှိပြီးဖြစ်ကာ ၁၄
ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.